Monday, May 26, 2014

ရော်ဘာနှုန်းကျဆင်းမှုကြောင့် တိုးမြှင့်တင်ပို့ရောင်းချနိုင်သော်လည်း ၀င်ငွေလျော့ကျ

မြိတ် မေ ၂၆ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ရော်ဘာ၊ ဆီအုန်းနှင့် တခြားသော ဒေသထွက် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိပြီး ရော်ဘာမှာ နှစ်စဉ်ပြည်ပသို့အများဆုံးတင် ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။


ယခင်နှစ်က ရော်ဘာဈေးနှုန်းမှာ တစ်ပိသာလျင်(၄၀၀)ကျပ်ခန့်ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိသာ လျင် ကျပ်(၂၀၀)ခန့်သာရရှိသဖြင့် ၀င်ငွေထက်ဝက်ခန့်ကျဆင်းသွားခဲ့ကြောင်း ပြည်တွင်းအပြင် မလေးရှား နှင့် တရုတ်သို့ ရော်ဘာကို အဓိကတင်ပို့နေသော မြိတ်မြို့ကမ်းနားလမ်းရှိ ဖိုးလမင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါဖိုးလမင်းကုမ္ပဏီသည် ယခင်(၂၀၁၂-၂၀၁၃)တွင် ရော်ဘာ(၃၇၃၇.၄၅)တန်ကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခု(၂၀၁၃-၂၀၁၄)တွင် ရော်ဘာ(၄၅၀၆.၀၉)တန် ပြည်ပသို့တိုးမြှင့်တင်ပို့ ရောင်းချ နိုင်ခဲ့သော်လည်း ဈေးနှုန်းထက်ဝက်ခန့်ကျဆင်းမှုကြောင့် ၀င်ငွေများစွာ ကွာဟခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment