Saturday, May 24, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ASEAN-CHINA CENTRE အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

နေပြည်တော်-မေ(၂၃)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ASEAN-CHINA CENTRE အတွင်းရေးမှူးချုပ် Mr. Ma Mingqiang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဦးသန်းဆွေ၊ ဒေါ်စုစုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ASEAN-CHINA CENTRE အတွင်းရေးမှူးချုပ်နှင့်အတူ Journey to the West ဇာတ်လမ်းတွဲမှ ရုပ်ရှင်သရုပ်ဆာင် Mr. Zhang Jinlai / Liu Xiao Ling Tong လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် အာဆီယံရေးရာကိစ္စရပ်များ၊ မြန်မာ-တရုတ်ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန်ဖလှယ်ရေးကို ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment