Friday, May 23, 2014

မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများဆွေးနွေး

နေပြည်တော်-မေ(၂၃)
 မြန်မာ့ပုလဲလုပ်ငန်း ဥပဒေကြမ်း ညှိနှိုင်းအစည်းအဝေးကို မေ ၂၃ ရက် နံနက် ၁၀ နာရီတွင် လွှတ်တော်ရုံး အိုင်ဆောင် အမှတ် ၂ ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ အတွင်းရေးမှူး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် ဥပဒေကြမ်းကော်မတီ၊ ကော်မတီ ဝင်များ တက်ရောက်ကြသည်။

 အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်း လာသော မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ ၂၀ ခုကို စိစစ်အတည်ပြုနိုင်ရေး ဆွေးနွေးအကြံပြုကြရန် တင်ပြပြီး ညှိနှိုင်းချက်များကို ပြည်သူ့လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူသွားမည် ဖြစ်သည်။
 ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုချက်ဖြင့် ပေးပို့လာသည့် မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီက အမှာစကား ပြောကြားပြီး ဥပဒေကြမ်း၏ ပုဒ်မ ၃၅ ခုကို ပုဒ်မတစ်ခုချင်းအလိုက် စိစစ်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment