Saturday, May 24, 2014

အားကစားစိတ်ပညာဆိုင်ရာ အဆင့်မြင့်သင်တန်းဖွင့်လှစ်

ရန်ကုန်-မေ(၂၃)
အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော အားကစားစိတ်ပညာဆိုင်ရာ အဆင့်မြင့်သင်တန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားရုံ မြောက်ဒဂုံ၌ မေ(၁၆)ရက်မှ (၂၃)ရက်အထိ ဖွင့်လှစ်ရာ အဆိုပါသင်တန်းသို့ အားကစား ဝန်ကြီးဌာနမှ
သင်တန်းသား သင်တန်းသူများ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်မှ သင်တန်းသား သင်တန်းသူ များ၊ မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းမှ သင်တန်းသား သင်တန်းသူများ စုစုပေါင်း(၄၂)ဦး တက်ရောက်ပြီး ၎င်းသင်တန်းသို့ တောင်ကိုရီးယားသမ္မတနိုင်ငံမှ Ph.D Kim IL Hwan, Instuctor. Asian Shooting Conrederation မှ လာရောက်သင်တန်းပို့ချခြင်းဖြစ်ပြီး သင်တန်းကို အစီအစဉ်(၂)ရပ်ဖြင့် သင်ကြားပြီး နံနက်(၉)နာရီမှ မွန်းတည့်(၁၂)နာရီအထိ စာတွေ့သင်ကြားခြင်းနှင့် မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီအထိ လက်တွေ့သင်ကြားပို့ချခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက အပြည်ပြည်ဆိုင်ရာသေနတ်ပစ်ကွင်း (မြောက်ဒဂုံ)တွင်ကျင်းပရာ မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထက်ညီ၊ တောင်ကိုရီးယားသမ္မတနိုင်ငံမှ Ph.D Kim IL Hwan တို့က သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment