Wednesday, April 30, 2014

နိုင်ငံတကာ သတင်း ထောက်များအား ပြည်ဝင်ခွင့် (Visa) ထောက်ခံပေး မည့်အစီအစဉ် ပြောင်းလဲသတ်မှတ်



နေပြည်တော်၊ ဧပြီ ၃၀
ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတကာ သတင်း ထောက်များအား ပြည်ဝင်ခွင့် (Visa) ထုတ်ပေးမှုကို ထောက်ခံ ခွင့်ပြုပေးလျက်ရှိရာ လက်ရှိ အခြေအနေ၌ မြန်မာနိုင်ငံတွင် သတင်းဌာန အခြေစိုက် ဖွင့်လှစ်ခွင့် ရရှိထားသော နိုင်ငံတကာ သတင်းဌာနများမှ သတင်းထောက်များအတွက် (၆)လ အကြိမ်ကြိမ်ပြည်ဝင်ခွင့် (Visa) ထောက်ခံပေး လျက်ရှိပြီး ပြည်တွင်း၌
သက်တမ်း တိုးခွင့်ကိုလည်း (၆)လ တစ်ကြိမ် ခွင့်ပြု ပေးလျက် ရှိပါသည်။ ထို့ပြင် ပြည်တွင်း အခြေစိုက် သတင်းဌာန ဖွင့်လှစ် ထားခြင်း မရှိသော နိုင်ငံတကာ သတင်းဌာန များမှ သတင်း ထောက်များကို သာမန်ပြည်ဝင်ခွင့် (Visa) (၁)လနှင့် နိုင်ငံတကာ အစည်းအဝေး များအတွက် သတင်း လာရောက် ရယူပါက အစည်းအဝေး ကျင်းပသည့် ကာလအတွက် လုံလောက်သော အချိန် သတ်မှတ်၍ ပြည်ဝင်ခွင့် (Visa) ထောက်ခံ ပေးလျက်ရှိသည်။
ယခုအခါ ၂၀၁၄ ခုနှစ်အတွင်း ကျင်းပ ပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်း အဝေးနှင့် ဆက်စပ် အစည်း အဝေးများ၊ ဆက်လက်ကျင်းပ ရန်ရှိသည့် ၀န်ကြီးအဆင့် အစည်း အဝေးများတွင် နိုင်ငံတကာ သတင်း ထောက်များ အနေဖြင့် သတင်းရယူ ကြရာတွင် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး အတွက် သတင်းဌာန အခြေစိုက် ဖွင့်လှစ်ခွင့် ရရှိထားသော နိုင်ငံတကာ သတင်း ထောက်များအား မူလ သတ်မှတ်ချက် အတိုင်း ပြည်ဝင်ခွင့် (Visa) ထောက် ခံ ပေးသွားမည် ဖြစ်ကြောင်း၊ သတင်းဌာန အခြေစိုက် ဖွင့်လှစ် မထားသော နိုင်ငံတကာ သတင်းဌာနများမှ သတင်း ထောက်များ အတွက် ပြည်ဝင်ခွင့် (Visa) ထုတ်ပေးမှု အစီအစဉ်များကို ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် အောက်ပါ အတိုင်း ပြောင်းလဲ တိုးမြှင့် ထောက်ခံ ဆောင်ရွက်ပေးသွား မည်ဖြစ်သည်-
(က) တစ်လ သက်တမ်းရှိ အကြိမ်ကြိမ် ပြည်ဝင်ခွင့်(Visa) ထုတ်ပေးမည်။
(ခ)ပြည်တွင်း၌ တစ်လ သက်တမ်း နှစ်ကြိမ် သက်တမ်းတိုး ခွင့်ရရှိမည်။
(ဂ)ပြည်တွင်း၌ နေထိုင် သတင်းရယူမှု သုံးလပြည့်ပါက မူလ ပြည်ဝင်ခွင့် (Visa) လျှောက်ထားသည့် သံရုံးတွင်
    ပြည်ဝင်ခွင့် (Visa) ပြန်လည် ရယူ လျှောက်ထားရမည်။
ပြည်ဝင်ခွင့် (Visa) လျှောက်ထား ရာတွင် ပါရှိရမည့် အချက် အလက်များ မှာ ပြည်ဝင်ခွင့် (Visa) လျှောက်ထားစာ၊ နိုင်ငံကူး လက်မှတ် ( Passport ) မိတ္တူ၊ သက်ဆိုင်ရာ သတင်းဌာန၊ အဖွဲ့ အစည်း ၏ ထောက်ခံစာ၊ မြန်မာနိုင်ငံ တွင် နေထိုင် လိုသည့်ကာလ၊ မည့် သည့်နိုင်ငံရှိ မြန်မာ သံရုံးတွင် ပြည်ဝင်ခွင့် (Visa) ထုတ်ယူ မည် စသည့် အချက် အလက် များဖြင့် လျှောက် ထား ကြရမည်။ နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် ပြည်ဝင်ခွင့် (Visa) လျှောက်ထား မှုနှင့် ပတ်သက်၍ မေးမြန်း စုံစမ်းလိုပါက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ၀၆၇-၄၁၂၀၀၂ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment