Wednesday, April 30, 2014

အလုပ်သမား ခြောက်ထောင်ခန့် ပါဝင်မည့် အလုပ်သမားနေ့ အခမ်းအနားပြုလုပ်မည်

ရန်ကုန် ဧပြီ ၂၉
မေလ ၁ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး)အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားခြောက်ထောင် ခန့်ပါဝင်၍ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်ရှိ အောင်မြေ သာယာ ဘောလုံးကွင်း၌ မေလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး မခိုင်ဇာအောင်က ပြောကြားသည်။

“ဒီအခမ်းအနားက ဒုတိယအကြိမ်လုပ်တာပါ။ မနှစ်က ပထမအကြိမ်မှာ တစ်နိုင်ငံလုံးက အလုပ်သမား သုံးထောင်ကျော်တက်ရောက်တယ်။ ဒီနှစ်တော့ အနည်းဆုံး အလုပ်သမားခြောက်ထောင်လောက်တက်မယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ILO ( ရန်ကုန်) ဆက်သွယ်ရေး အရာရှိနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)  မြန်မာရုံး ဒါရိုက်တာတို့လည်း တက်ရောက်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားများအနေဖြင့် မေဒေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိလာစေရန်၊ အထွေထွေ အသိပညာ ဗဟုသုတများတိုးပွား လာစေရန်၊ တစ်နှစ်ပတ်လုံး ပုံမှန် အလုပ်ပိတ်ရက်မရှိဘဲ အလုပ်လုပ်ကိုင်ခဲ့ရသော အလုပ်သမားများ စိတ်အပန်းပြေနိုင်စေရန်နှင့် စိတ်ဖိစီးမှုများလျော့ပါးသွား စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကိုပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်မှ ထုတ်ပြန်ကြေညာထားသည်။
မေဒေးနေ့ အခမ်းအနားကို အစီ အစဉ်ရှစ်ခုဖြင့် နံနက် ၈ နာရီ ညနေ ၆ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ကျား/မ တန်းတူညီမျှရေး (Gender Equality) အကြောင်းကို ဒေါ်ဆွေဇင်ထိုက်၊ စားသုံးသူများအခွင့်အရေးနှင့် စပ်လျဉ်းပြီး စားသုံးအခွင့်အရေး ကာကွယ်ရေးသမဂ္ဂ ၏ အတွင်းရေးမှူးတို့က ပညာပေး ဟောပြောကြမည်ဖြစ်ပြီး အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များနှင့် နာမည်ကြီး အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှု များ ပါဝင်မည်ဖြစ်သည်။ အဆိုပါ အခမ်းအနား၌ နေရောင်ခြည်သုံး၍ လျှပ်စစ်ရယူနိုင်သည့် ဆိုလာ ပစ္စည်းများကို ခင်းကျင်းပြသမည့် အပြင် Care International မှ အမျိုးသမီး များ အကြမ်းဖက်မှုကာကွယ်ရေး၊ Marie Stopes International-MSI မှ အမျိုးသမီးများအား ကာကွယ်သည့် ဥပဒေ၊ အမျိုးသမီးကျန်းမာရေး၊ Decent Work အဖွဲ့မှ သင့်တင့်သော အလုပ်အကိုင်နှင့် (Forced Labour elimination)  အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးတို့နှင့် ပတ် သက်၍ လက်ကမ်းစာစောင်များဝေငှခြင်း၊ ပညာပေးရုပ်ရှင်ကားများ ပြသ ခြင်းနှင့် အဖွဲ့လိုက်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း ယာယီ တဲများ ပြုလုပ်ပေးထားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အမျိုးသမီး ကော်မတီ အတွင်းရေးမှူး မခိုင်ဇာအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်သည် မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားအဖွဲ့အစည်းပေါင်း ၃၈၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် အလုပ်သမားဦးရေ သုံးသောင်းကျော် ပါဝင်သည်။ ယင်းအဖွဲ့ချုပ်သည် ၂၀၀၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC)၏ တင်း ပြည့် အဖွဲ့ဖြစ်လာသည်။

No comments:

Post a Comment