နေပြည်တော်-ဧပြီ(၁)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား United States
Agency for International
Development - USAID မှ Mission
Director Mr. Christopher Milligan ၊ European Union - EU မှProgram Officer
Ms. Claudia Antonelli နှင့် Swiss Agency
for Development and
Cooperation မှ Development
Advisor Ms. Karin Eberhardt တို့သည် ယနေ့နံနက်(၁၁) နာရီတွင် အဆိုပါဝန်ကြီးရုံး၌
လာရောက်တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး
ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၏ မြေအသုံးချရေး
ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်နေမှုများ၊ အမျိုးသားအဆင့် မြေအသုံးချမှု ဆိုင်ရာမူဝါဒနှင့်
မြေအသုံးချမှုဆိုင်ရာ ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ဖော်ဆောင် ရေး၊ မြေအသုံးချမှု
ဆိုင်ရာအချက်အလက်များ၊ မြေပုံများပြုစု ရေးဆွဲစိစစ်သုံးသပ်ရေး၊ မြေအသုံးချမှုတွင် ပါဝင်ပတ်သက်သူ
အားလုံး၏ အကြံဉာဏ်များရယူရေး၊ မြေအသုံးချမှုနှင့် ဆက်နွှယ်သော ဝန်ကြီးဌာနများ၊ ကျွမ်းကျင်ပညာရှင်
များအကြား ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးကြပြီး မြေအသုံးချမှုဆိုင်ရာ
နည်းပညာနှင့် လူသား အရင်းအမြစ် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့နှင့်စပ်လှဉ်း၍ ဦးဝင်းထွန်းအား
USAID ၊ EU နှင့် Swiss Agency for
Development and Cooperation တို့အနေဖြင့် ပံ့ပိုးကူညီပူးပေါင်း
ဆောင်ရွက်သွားရန် အပေါ် ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment