Tuesday, April 29, 2014

လိုင်စင်မဲ့ဆိုင်ကယ်များမှတ်ပုံတင်ခြင်းလုပ်ငန်း စီမံချက် (OSS) အဖွဲ့ ညောင်လေးပင်မြို့၌ ကွင်းဆင်းဆောင်ရွက်


ညောင်လေးပင် ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး(အရှေ့)ညောင်လေးပင်မြို့၊ ရွှေကျင်မြို့၊ ဒိုက်ဦးမြို့၊ ကျောက်တံခါးလေးမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းစီမံချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
တိုင်းဦးစီးမှူး ဦးကျော်စိန် ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဝင် ၅၀ပါဝင်သည့် (OSS) အဖွဲ့နှင့်ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ လေးမြို့နယ်အတွင်းရှိ  လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို နေ့ချင်းပြီးလိုင်စင်လုပ် ပေးခြင်းကို ဧပြီ ၂၅ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ညောင်လေးပင်မြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပဆောင်ရွက်ပေးခဲ့သည်။
နေ့ချင်းပြီး လိုင်စင်လုပ်ပေးခြင်း လျင်မြန် ချောမွေ့စေရေးအတွက် ညောင်လေးပင်မြို့နယ် ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတာ၊ အတွင်းရေးမှူး ဦးနေဝင်းနှင့်အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်ထွန်းအောင်၊ ဦးတင်မောင်ကြည်၊ ဦးတင်မြင့်ဦးတို့က ကူညီဆောင်ရွက်ပေးခဲ့သဖြင့် နေ့ချင်းပြီးလိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၃၈၉ စီးကို လိုင်စင်ထုတ်ပေး နိုင်ခဲ့သည်။

No comments:

Post a Comment