Tuesday, April 29, 2014

ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ အရိုးကုသဆောင် ဆောက်လုပ်

ဖြူး ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံတွင် တောင်ငူခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နယ် ထန်းတပင် မြို့နယ်နှင့် ဖြူးမြို့နယ်တို့မှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ဆေးဝါး ၇၀ ရာခိုင်နှုန်း အခမဲ့ဖြင့် ကုသပေးလျက် ရှိရ နေ့စဉ် လူနာ ၁၀၀ ကျော် တက်ရောက်ဆေးကုသမှု ခံယူလျက် ရှိသည်။

ဖြူးမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ် ဒေါက်တာ ဇော်လွင်နှင့် အထူးကု ဆရာဝန် ခုနစ်ဦး၊ လက်ထောက်ဆရာဝန် ရှစ်ဦးနှင့် သူနာပြု ၄၅ ဦးတို့က လူနာများကို အချိန်ပြည့် နေ့ညမပြတ် ဂရုတစိုက် ဆေးဝါးများ ကုသပေးမှုတို့ကြောင့် အများပြည်သူများ ဆေးရုံကို ယုံကြည်မှု ပိုမိုရှိလာခဲ့ပြီး ဆေးရုံပြင်ပလူနာအတွင်း လူများ နေ့စဉ် များပြားစွာ လာရောက်ဆေးကုသမှု ခံယူနေကြ၍ လူနာနှင့် အဆောက်အအုံ လုံလောက်မှု မရှိသဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလမှစ၍ ယခင်ဖျားနာဆောင် အဟောင်းအား အကြီးစား ပြင်ဆင်ပြီး အရိုးကု ကုတင် ၃၀ ဆံ့ တိုးချဲ့လူနာဆောင်ကို AROMA ROSE Co.,Ltd မှ တာဝန်ယူ ဆောက်လုပ်လျက် ရှိရာ ၆၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ရာ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးပါက သိန်း ၁၃၀၀ ကျော် ကုန်ကျမည် ဖြစ်ကြောင်း ဆေးရုံအပ် ဒေါက်တာ ဇော်လွင်က ပြောပြသည်။

ထို့ပြင် ဆေးရုံတွင် လိုအပ်လျက်ရှိသော ဆေးသိုလှောင်ရုံ စတိုခန်းကိုလည်း ဆုလတ်ပြည့် ကုမ္ပဏီက တာဝန်ယူ၍ ဆောက်လုပ်လျက် ရှိရာ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ရာ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပါက သိန်း ၂၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ဖျားနာဆောင် အကြီးစား ပြင်ဆင်ခြင်း၊ အရိုးကု တိုးချဲ့လူနာဆောင် ဆောက်လုပ်ခြင်းနှင့် ဆေးသိုလှောင်ရုံ၊ စတိုခန်း ဆောက်လုပ်ခြင်းများ အတွက် သိန်းပေါင်း ၁၅၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment