Tuesday, April 29, 2014

ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ်စက်ရုံစီမံကိန်း ၁၁ ခု ထပ်မံ အကောင်အထည်ဖော်မည်

ချင်းပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်တွင် တစ်ပြည်လုံးအတိုင်းအတာ၏ ၅၀ ရာခိုင်နှုန်းကျော် လျှပ်စစ်မီးရရှိနိုင်ရန် ရေအားလျှပ်စစ်စက်ရုံစီမံကိန်း ၁၁ ခုကို အကောင်အထည်ဖော် ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လျန်းပေါင်က ပြောကြားကြောင်း သိရသည်။

ချင်းပြည်နယ်တွင် လက်ရှိအခြေအနေအရ ပြည်နယ်၏ ၂၅ ရာခိုင် နှုန်းခန့်သာ လျှပ်စစ်မီးပေးနိုင်ပြီး လာမည့် ၂၀၁၅ ခုနှစ်အတွင်း ရေအား လျှပ်စစ်စက်ရုံစီမံကိန်း ၁၁ ခုဖြစ်သည့် ဓာတ်အား ၇၅၀၀ ကီလိုဝပ်အတွက် ကျပ်သန်း  ၉၃၅၀၈ အကုန်အကျခံ တည်ဆောက်မည့် ဟားခါးမြို့နယ် ဇွောင်ချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၇၀၀ ကီလိုဝပ်အတွက် ကျပ် ၁၁၁၈၆ သိန်းအကုန်အကျခံ တည်ဆောက်မည့် ဖလမ်းမြို့နယ် လိုင်ဗား ထပ်ဆင့် ရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၅၀၀ ကီုလိုဝပ်အတွက် ကျပ် ၃၀၂၉၅ သိန်းအကုန်အကျခံတည်ဆောက်မည့် တီးတိန်မြို့နယ်ဘဲလ် တောင်ချောင်း ရေအားလျပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၅၀၀ ကီလိုဝပ်အတွက် ကျပ် ၇၄၁၇ သိန်းအကုန်အကျခံ တည်ဆောက်မည့် တွန်းဇံမြို့နယ် ဗဲလ်း ကျင်းချောင်းရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၀၀ ကီလိုဝပ်အတွက် ကျပ် ၆၂၉၈၅ သိန်း အကုန်အကျခံတည်ဆောက်မည့် ကျီခါးမြို့နယ် ကလီချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၄၀၀ ကီလိုဝပ်အတွက် ကျပ် ၁၁၉၀၄၁ သိန်း အကုန်အကျခံ တည်ဆောက်မည့် မင်းတပ်မြို့ ချီချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၀၀ ကီလိုဝပ်အတွက် ကျပ် ၄၁၆၉၄ သိန်းအကုန်အကျခံ တည်ဆောက်မည့် ပလက်ဝမြို့နယ် ပီချောင်း ရေအား လျှပ်စစ်စီမံကိန်း၊ ဓာတ်အား ကီလိုဝပ် ၁၂၀၀ ဝပ်အတွက် ကျပ်၂၄၄၅၈ သိန်းအကုန်အကျခံတည်ဆောက်မည့် မတူပီမြို့နယ် ဘုံလုံ (ဗုံဗား)ရေအား လျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၀၀ ကီလိုဝပ်အတွက် ကျပ် ၆၀၇၁၄ သိန်း အကုန်အကျခံတည်ဆောက်မည့် ဆမီးမြို့နယ်ခွဲ ဇီးချောင်းရေအား လျှပ်စစ် စီမံကိန်း၊ ဓာတ်အား ၁၀၀ ကီလိုဝပ်အတွက် ကျပ် ၅၃၉၉ သိန်းအကုန် အကျခံတည်ဆောက်မည့် ကန်ပက်လက်မြို့နယ် ကိုးလုံးချောင်းရေအား လျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၅၀၀ ကီလိုဝပ်အတွက်ကျပ်၂၇၈၃၁သိန်း အကုန်အကျခံတည်ဆောက်မည့် ကန်ပက်လက်မြို့၊ ဆောချောင်းရေအား လျှပ်စစ်စီမံကိန်းတို့ကို ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ချင်းဝေါလ်မီဒီယာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်တစ်ဝန်းလုံးအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၃ ဒသမ ၈၉၇ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိအမှန်တကယ် လျှပ်စစ်ဓာတ်အားပေးနိုင်မှုမှာ ၂ ဒသမ ၅၀၆ မဂ္ဂါ ဝပ်ဖြစ်၍ ဓာတ်အားထပ်မံလိုအပ်မှုမှာ ၁ ဒသမ ၃၉၁ မဂ္ဂါဝပ်ဖြစ်ကြောင်း၊ ယခုအကောင်အထည်ဖော်မည့် ရေအား လျှပ်စစ်စက်ရုံစီမံကိန်း ၁၁ ခုပြီးစီးပါက ချင်းပြည်နယ်တွင် ရေအားလျှပ်စစ် စက်ရုံ ၃၀ ကျော်ရှိလာမည်ဖြစ်ကြောင်း ချင်းဝေါလ်မီဒီယာမှ သိရသည်။

No comments:

Post a Comment