Tuesday, April 1, 2014

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းအား ကိုရီးယား သမ္မတနိုင်ငံရှေ့နေချုပ်ရုံး မူးယစ်ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Kim Hoo Kyoon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

နေပြည်တော်-ဧပြီ(၁)

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းအား ကိုရီးယားသမ္မတနိုင်ငံ ရှေ့နေချုပ်ရုံး မူးယစ်ဌာနညွှန်ကြားရေးမှူးချုပ် Mr. Kim Hoo Kyoon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်
ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ လာရောက် တွေ့ဆုံပြီး လက်ရှိဆောင်ရွက်လျက် ရှိသော ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးပူးပေါင်း တိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံ ဖလှယ်ရေးကိစ္စရပ် များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment