Wednesday, April 2, 2014

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Ms. CUI Yuying ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

ရန်ကုန်-ဧပြီ(၁)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Ms. CUI  Yuying ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ(၃)နာရီတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းအောင်၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. YANG  Houlan နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ညနေ(၄)နာရီတွင် ဗိုလ်တထောင်မြို့နယ်ရှိ ရွှေသံလွင်ကုမ္ပဏီလီမိတက် သို့သွားရောက် လေ့လာကြသည်။ ထို့နောက် Sky  Net  Studio ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီပြန်ကြားရေးဝန်ကြီးဌာနနှင့် ရွှေသံလွင်ကုမ္ပဏီလီမိတက်တို့အကြား ရုပ်ရှင်နှင့်ရုပ်မြင်သံကြားအစီအစဉ် ဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်းသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ (Singing  Ceremony  between  the  Film  and  TV  Program  Database  of  the  State  Council  Information  Office  of  China  and  Shwe  Than  Lwin  Media  Co.,Ltd. of  Myanmar ) ကျင်းပရာ State  Council  Information  Office  of  China မှ  Director  General, Mr. ZHANG  Yanbin နှင့် ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဝင်းတို့က သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြ သည်။

No comments:

Post a Comment