နေပြည်တော်-ဧပြီ(၁)
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းတာဝန် ပေးအပ်ခြင်း
အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က အမှာစကားပြောကြားရာတွင်
ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊
တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ
ဖူလုံစေရန်နှင့် အာဟာရ ပြည့်ဝစေရန် ရည်ရွယ်ပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅
ခု ဘဏ္ဍာရေးနှစ်တွင် အရင်းမပျောက် လှည့်ပတ်ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၃၀၀)ဖြင့်
အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း(၆)ခုမှ အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး (၁၄)ခုနှင့်
နေပြည်တော် ကောင်စီနယ်မြေတို့ရှိ ခရိုင်(၃၈)ခရိုင်၊ မြို့နယ်(၇၄)မြို့နယ်မှ ကျေးရွာပေါင်း
(၁၁၅၀)တွင် စီမံကိန်းရန်ပုံငွေ စုစုပေါင်းကျပ်(၃၄ ဒသမ ၅)ဘီလီယံကို သုံးစွဲသွားမှာဖြစ်ကြောင်း၊
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်ဒေသများတွင်
အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေမှာ ဖြစ်ကြောင်းဖြင့်
ပြောကြားသည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း
အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်နယ်/ တိုင်းဒေသကြီး ဦးစီးမှူးများအား စီမံကိန်း တာဝန်ပေးအပ်သည်။
ကျေးလက်နေပြည်သူများ၏ လူမှုဘ၀ တိုးတက်ရေးအတွက် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်
(၁၅)ခုရှိ ကျေးရွာ(၁၁၅၀) ရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
နေပြည်တော် ကောင်စီ နယ်မြေအတွင်း ကျေးရွာ(၁)ရွာလျှင် ကျပ်သန်း(၃၀)နှင့် ကျေးရွာ(၁၁)ရွာအတွက်
ကျပ်သန်း(၃၃၀)၊ ကချင်ပြည်နယ် အတွင်း ကျေးရွာ(၄၂)ရွာအတွက် ကျပ်သန်း(၁၂၆၀)၊ ကယားပြည်နယ်အတွင်း
ကျေးရွာ(၁၁)ရွာအတွက် ကျပ်သန်း(၃၃၀)၊ ကရင်ပြည်နယ်အတွင်း ကျေးရွာ(၃၆)ရွာ အတွက် ကျပ်သန်း(၁၀၈၀)၊
ချင်းပြည်နယ်အတွင်း ကျေးရွာ(၂၄)ရွာ အတွက် ကျပ်သန်း(၇၂၀)၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း
ကျေးရွာ(၁၀၁)ရွာအတွက် ကျပ်သန်း(၃၀၃၀)၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးရွာ(၂၁)ရွာအတွက်
ကျပ်သန်း(၆၃၀)၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာ(၁၁၅)ရွာအတွက် ကျပ်သန်း(၃၄၅၀)၊ မကွေးတိုင်း
ဒေသကြီးအတွင်း ကျေးရွာ(၈၃)ရွာအတွက် ကျပ်သန်း (၂၄၉၀)၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးရွာ(၈၃)ရွာအတွက်
ကျပ်သန်း (၂၄၉၀)၊ မွန်ပြည်နယ်အတွင်း ကျေးရွာ(၂၁)ရွာအတွက် ကျပ်သန်း(၆၃၀)၊ ရခိုင်ပြည်နယ်အတွင်း
ကျေးရွာ (၆၂)ရွာအတွက် ကျပ်သန်း(၁၈၆၀)၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးရွာ(၄၁)ရွာ အတွက်
ကျပ်သန်း (၁၂၃၀)၊ ရှမ်းပြည်နယ်အတွင်း ကျေးရွာ (၂၆၀)ရွာအတွက် ကျပ်သန်း(၇၈၀၀)၊ ပအိုဝ်းကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသ အတွင်း ကျေးရွာ(၅)ရွာအတွက် ကျပ်သန်း(၁၅၀)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း
ကျေးရွာ(၅)ရွာအတွက် ကျပ်သန်း(၁၅၀)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာ(၅)ရွာအတွက်
ကျပ်သန်း(၁၅၀)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျေးရွာ(၅)ရွာအတွက် ကျပ်သန်း(၁၅၀)၊
“၀” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းအတွင်း ကျေးရွာ(၅)ရွာ အတွက် ကျပ်သန်း(၁၅၀)၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသအတွင်း ကျေးရွာ (၅)ရွာအတွက် ကျပ်သန်း(၁၅၀)၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာ(၂၀၉)ရွာအတွက်
ကျပ်သန်း (၆၂၇၀)နှင့် ကျေးရွာပေါင်း(၁၁၅၀)ရွာ အတွက် ကျပ်သန်း(၃၄၅၀၀)ဖြင့် ၂၀၁၄-၂၀၁၅
ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက် သွားမှာဖြစ်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး၊ ဒုတိယဝန်ကြီး
ဦးတင်ငွေနှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအင်ဂျင်နီယာချုပ်များ၊
ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ အကြီးအကဲများ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ
တက်ရောက်ကြသည်။
No comments:
Post a Comment