Wednesday, April 2, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂဏ္ဍအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ပြေ္နာကားချက်များနှင့်စပ်လျဉ်း၍သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ၌
သတင်းထုတ်ပြန်ချက်(၃/၂၀၁၄)
၂၀၁၄ ခုနှစ်။ ဧ္ဒပီလ ၂ ရက်
၁၃၇၅ ခု။ တန်ခူးလဆန်း ၃ ရက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂဏ္ဍအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ

စကားပြောကြေးနန်းဖြင့် ဆက်သွယ်ပြေ္နာကားချက်များနှင့်စပ်လျဉ်း၍သတင်းထုတ်ပြန်ခြင်း
၁။ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် စကားပြောကြေးနန်းဖြင့် ဆက်သွယ် ၍အောက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့သည်-

(က) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်များ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်မီထိန်းသိမ်းမှုကို ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအချိန်တွင် အခြေအနေတည်ငြိမ်၍ တရား ဥပဒေစိုးမိုးမှု ပြန်လည်ရရှိ နေပြီဖြစ်ကြောင်း၊
(ခ) ယင်းဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ဘေးကင်းလုံခြုံရေးနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် အဆောက်အအုံများ လုံခြုံရေးတို့အတွက် အပြည့်အဝ ကာကွယ်စောင့်ရှောက် ပေးထားကြောင်း၊
(ဂ) စစ်တွေမြို့မှ ပြန်လည်ထွက်ခွာလိုသော အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများနှင့် လုပ်သားများ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသူများနှင့် အဆောက်အအုံများ လုံခြုံရေး အပါအဝင် လိုအပ်သော ပံ့ပိုးမှုများကိုလည်း အစိုးရက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။
(ဃ) ကုလသမဂ္ဂမှ လူသားချင်းစာနာထောက်ထားသော ထောက်ပံ့ ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ကူညီမှုများအား ထိရောက်စွာ ထောက်ပံ့နိုင်စေရန် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
(င) စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အပေါ် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း တာဝန်ပေး၍ စစ်ဆေးစေလျက်ရှိပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံတင်ပြစေရန် ဆောင်ရွက်ထားကြောင်း၊
(စ) နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေနှင့် မညီညွတ်သော မည်သည့် ချိုးဖောက်မှုမျိုးကိုမဆို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ (ဆ) မြန်မာနိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ကို နိုင်ငံတကာအဆင့်အတန်းနှင့် ညီညွတ်စေရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊
(ဇ) ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအား လေ့လာနိုင်ရန် နိုင်ငံတကာမှ လေ့လာသူ ၂၀ ဦးကို လက်ခံထားရှိကြောင်း၊
(ဈ) ဒုတိယသမ္မတဦးစီး၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ ပါဝင် သောအဖွဲ့အား ရခိုင်ပြည်နယ်သို့ စေလွှတ်၍ လိုအပ်သည့် စီမံ ခန့်ခွဲမှုများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေခဲ့ကြောင်း။
၂။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ အတွက် ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကုလသမဂ္ဂ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။


No comments:

Post a Comment