နေပြည်တော်-ဧပြီ(၁)
လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးပွဲခန်းမ၌ ယနေ့ နံနက် (၉) နာရီ
တွင် “ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး” ဥပဒေ၊
နည်းဥပဒေ ရေးဆွဲနိုင်ရေး ဦးဆောင်အဖွဲ့ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး
(ပထမနေ့) ကို ကျင်းပရာ
ရှေးဦးစွာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး
ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမြင့်လှိုင်က နည်းဥပဒေ ရေးဆွဲရေးလုပ်ငန်း (Working Group)အဖွဲ့ (၃)ဖွဲ့အနေဖြင့် လက်တွေ့ကျင့်သုံးနိုင်မည့်
နည်းဥပဒေများ ပေါ်ပေါက်လာရေးအတွက် အချိန်ကာလ သတ်မှတ်ပြီး အထူးအလေးထား အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြရာ လယ်ယာ စိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီ (လယ်ယာ) ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇)ကြိမ်
ကျင်းပပြုလုပ်ခဲ့ပြီး “တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး
နည်းဥပဒေ(မူကြမ်း)” အား အကြိမ်ကြိမ် ညှိနှိုင်းရေးဆွဲခဲ့ကြောင်း။
၂၀၁၄ ခုနှစ်
မတ်(၁၄)ရက်တွင် “ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး
နည်းဥပဒေ (မူကြမ်း)”အပေါ် သုံးသပ်ဆွေးနွေးခြင်း အစည်းအဝေးကို ဦးဆောင်အဖွဲ့ အဖွဲ့ ခေါင်းဆောင်၊
ဒုတိယအဖွဲ့ ခေါင်းဆောင်များ အပါအဝင် နည်းဥပဒေရေးဆွဲရေး ကော်မတီဝင်များ စုံညီစွာဖြင့်
ကျင်းပခဲ့ပြီး နည်းဥပဒေ(မူကြမ်း)အား အခန်း(၁၁)ခန်း၊ ပုဒ်မ (၄၇)ခုတို့ဖြင့် ဖြည့်စွက်
ပြင်ဆင်ရေးဆွဲ ခဲ့ပါကြောင်း။
ဆက်စပ်လျက်ရှိသော
ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်/တိုင်း ဒေသကြီး စိုက်ပျိုးရေးနှင့်
မွေးမြူရေးဝန်ကြီးများက မိမိတို့ ပြည်နယ်/တိုင်းဒေသကြီးများ အလိုက် လက်တွေ့ကျင့်သုံး
ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်စေရေးအတွက်
နည်းဥပဒေ တစ်ချက်ချင်း အပေါ်တွင် အလေးအနက်ထား၍ ခိုင်ခိုင်မာမာ အကြုံပြု ပါဝင် ဆွေးနွေးပေးကြပါရန်
ပြောကြား လိုကြောင်း ပြောကြားသည်။
ထို့နောက်
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့
ဒုတိယအဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က တောင်သူလယ်သမား အခွင့်အရေး
ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ထိထိရောက်ရောက် အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက်
ဦးဆောင်အဖွဲ့ဝင်များ၊ နည်းဥပဒေ ရေးဆွဲရေး လုပ်ငန်းအဖွဲ့များ အနေဖြင့် လျင်လျင်မြန်မြန်
ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများအား
စဉ်ဆက်မပြတ် အကူအညီပေးနိုင်ရန် Home- Work ကဲ့သို့ ဦးစားပေး ရေးဆွဲလျက် လက်ရှိ အတည်ပြုပြဋ္ဌာန်းပြီး
ဥပဒေကို မှီငြမ်း၍ နည်းဥပဒေအား အမြန်ဆုံး ထိထိရောက်ရောက် ရေးဆွဲကြရန် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တောင်သူလယ်သမား
အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ ဒုတိယအဖွဲ့ ခေါင်းဆောင်
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယခု နည်းဥပဒေ(ပထမမူကြမ်း)မှာ လယ်ယာ ထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့နှင့်
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့များနှင့်
ညှိနှိုင်းပြီး သက်ဆိုင်ရာ ဒေသအလိုက် ဝယ်ယူရေး၊ လယ်ယာထုတ်ကုန်အရည်အသွေး မကျဆင်းဘဲ ထိန်းသိမ်း
သိုလှောင်နိုင်သည့် သိုလှောင်ရုံများ ထားရှိရေး၊ လယ်ယာထုတ်ကုန်များ ပြည်တွင်း ဈေးကွက်နှင့်
နိုင်ငံတကာ ဈေးကွက်များသို့ ထိုက်သင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ခွင့်ရရှိရေး၊
လက်ကားဈေးကွက် (Whသူန Salန Mမေုနအ) များ ဒေသအလိုက်
ထူထောင်နိုင်ရေး၊ ဈေးနှုန်း သတင်းအချက်အလက်များ အချိန်မီ ထုတ်ပြန်နိုင်ရေး၊ လယ်ယာ ထုတ်ကုန်များ
အာမခံဈေးနှုန်းဖြင့် ရောင်းချနိုင်သည့် စနစ်ပေါ်ထွန်းလာရေးတို့အတွက် ဆောင်ရွက်ပေးရေး
စသည့်အချက်များ ထည့်သွင်းရေးဆွဲ ထားပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တောင်သူလယ်သမား
အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့၊ အတွင်းရေးမှူး
ဒုတိယဝန်ကြီး ဦးအုန်းသန်းက နည်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ရေးဆွဲဆောင်ရွက် ထားရှိမှုများအား
အခန်း တစ်ခန်းချင်းအလိုက် ပုဒ်မတစ်ခုချင်းအလိုက် အသေးစိတ် ဆွေးနွေးတင်ပြခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment