ရန်ကုန်-ဧပြီ(၁)
ကျန်းမာရေးဝန်ကြီးဌာန
ဆေးသိပ္ပံပညာ ဦးစီးဌာနနှင့် UNFPA အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီး၊
ပြည်နယ်များရှိ သူနာပြုသားဖွား သင်တန်းကျောင်းများမှ သင်ကြားရေးဆရာများအတွက် အခြေခံအရေးပေါ်
သားဖွားပြုစု စောင့်ရှောက်ခြင်းနှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ရန်
လက်တွေ့လေ့ကျင့်သင်ကြားခြင်း
စတုတ္ထအကြိမ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ စတင်ကျင်းပသည်။
အခမ်းအနားတွင်
ဆေးသိပ္ပံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်တင်တင်လေးက အမှာစကား ပြောကြားပြီး
သင်တန်းကိုဖွင့်လှစ်ပေးသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ
သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများမှ သင်ကြားရေး ဆရာမ(၁၂)ဦးစီဖြင့် (၂၄)ဦးတက်ရောက်မည်ဖြစ်ပြီး
သင်တန်းကာလမှာ ဧပြီ(၁)ရက်မှ ဇူလိုင် (၃၁)ရက်အထိ (၄)လကြာမည် ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment