နေပြည်တော်-ဧပြီ(၁)
အာဆီယံအဆင့်မြင့်
အရာရှိကြီးများ အစည်းအဝေး၊ အာဆီယံ ထိပ်သီး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေး ပူးတွဲညှိနှိုင်းမှု
အစည်းအဝေးနှင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်း၏ အနာဂတ်မျှော်မှန်းချက်ဆိုင်ရာ
အာဆီယံညှိနှိုင်းမှု ကော်မတီလုပ်ငန်း အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီတွင်
နေပြည်တော် ရွိုင်ရယ်အေ့စ် ဟိုတယ်ရှိ ခါကာဘိုရာဇီ ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
အာဆီယံအဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးအဆင့်မြင့်အရာရှိကြီးများ၊ လူမှု-ယဉ်ကျေးမှု
အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်း
ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အာဆီယံအဆင့်မြင့်
အရာရှိကြီးများ အစည်းအဝေးနှင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်း၏ အနာဂတ် မျှော်မှန်းချက်ဆိုင်ရာ
အာဆီယံညှိနှိုင်းမှု ကောင်စီလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးများတွင် အာဆီယံ အသိုက်အဝန်း
ထူထောင်ရေး၊ ၂၀၁၅ ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်၊ ပြင်ပဆက်ဆံရေး အပါအဝင်
အခြားကိစ္စရပ်များနှင့် လုပ်ငန်းဆိုင်ရာတို့ကို ဆွေးနွေးညှိနှိုင်းကြသည်။
အဆိုပါ အစည်းအဝေးများကို
မတ် ၂၉ ရက်မှ စတင်ပြုလုပ်ခဲ့ပြီး မေ(၈)ရက်မှ (၁၁)ရက်အထိ ကျင်းပမည့် (၂၄)ကြိမ်မြောက်
အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးများ
ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment