Tuesday, April 1, 2014

ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်း ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) အတွင်းရှိ ဆက်သွယ်ရေးစခန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်-ဧပြီ(၁)
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် မတ်(၂၇) ရက်တွင် ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း) ဆွာမြို့ အော်တို အိတ်ချိန်းသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကေတုမတီမြို့သစ်ရှိ စာတိုက်စခန်းနှင့် အော်တိုအိတ်ချိန်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများအား ဆက်သွယ်မှုများ မပြတ်တောက်စေရေးနှင့် အဝေးဆက်သွယ်မှုလိုင်းများ အမြဲကောင်းမွန်ရရှိစေရေး မှာကြား သည်။

ဆက်လက်၍ တောင်ငူမြို့သို့ ရောက်ရှိပြီး GSM/UMTS စခန်း၊ အော်တိုအိတ်ချိန်း စက်ခန်း၊ ငြခမသ  တလေန  စက်ခန်းနှင့် စာတိုက်စခန်း ကိုလည်းကောင်း၊ ပဲခူးမြို့ တိုင်းဒေသကြီး မန်နေဂျာရုံး ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment