နေပြည်တော်-ဧပြီ(၁)
မတ် ၃၀ ရက်မှစတင်၍
နိုင်ငံတစ်ဝန်းတွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း
လုပ်ငန်းများကို ကောက်ယူလျက်ရှိပြီး ယနေ့တွင် တတိယနေ့အဖြစ် ဆက်လက်ကောက်ယူလျက် ရှိရာ
ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်
ဇနီး ဒေါ်ခင်အေးမြင့် မိသားစု၏ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်၍ နေပြည်တော်ကောင်စီနယ်မြေ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးချိုထွန်း၊ ဦးစီးအရာရှိ ဒေါ်တင်မာလွင်၊
စာရင်းကောက် ဒေါ်သီတာလွင်တို့ပါဝင်သော သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့က လာရောက်ကောက်ယူ
ခဲ့ကြသည်။
သန်းခေါင်စာရင်း
ကောက်ယူရေးအဖွဲ့က မေးခွန်း(၄၁)ချက်ကို မေးမြန်းဖြည့်စွက်ရာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်
ဇနီးတို့က ဖြေကြားခဲ့ကြသည်။ (သတင်းစဉ်)

No comments:
Post a Comment