Tuesday, April 29, 2014

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးဆက်လက်ကျင်းပ

ရန်ကုန်-ဧပြီ(၂၉)
ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးပဉ္စမနေ့ကို တိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော်ကိုယ် စားလှယ်(၁၁၁)ဦးတက်ရောက်သည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ ၂၀၁၄ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခြင်း၊ အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်သည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည့်အဆိုတစ်ရပ်အား ဆွေးနွေးခြင်း၊ ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။(သတင်းစဉ်)

No comments:

Post a Comment