Tuesday, April 29, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရိုရှီဟီကို နိုဒ နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်-ဧပြီ(၂၉)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ ရိုရှီဟီကို နိုဒနှင့်အဖွဲ့အား ယနေ့နံနက်(၁၁)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သီလဝါစက်မှုဇုန်စီမံကိန်းနှင့် သီလဝါ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းအား အမြန်အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာဖေသက်ခင်၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ 

No comments:

Post a Comment