Friday, April 25, 2014

ကော့သောင်းမြို့၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေး ဂေဟာအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကော့သောင်း ၊ ဧပြီ ၂၄ ရက်
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ကြီးကြပ်မှုအရ ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် တည်ဆောက်ပြီးစီးသည့် ကော့သောင်းမြို့၊ လူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေး ဂေဟာ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားအား


ဧပြီ ၂၄ ရက် ၊နံနက် ၉ နာရီ က နာရီက ကော့သောင်းမြို့ ၄ မိုင်၊ ကော့သောင်းဘုတ်ပြင်း ကားလမ်းဘေး ရှိ အဆိုပါအဆောက်အဦတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အဆောက်အဦအား လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်း၊ ဂျပန်သံရုံး Political Counsellor Mr. TOMIOKA ၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွန်ကြားရေးမှူး ဦးစောဝင်းနှင့် ကော့သောင်းခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွေးနံ့သာရည် ပက်ဖြန်းပေးကြ သည်။
ဆက်လက်၍ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ဂျပန်သံရုံးPolitical Counsellor Mr. TOMIOKA နှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးစောဝင်းတို့က အဆောက်အဦ ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်များ၊ ရေရှည်တည့်တံ့ ထိမ်းသိမ်းနိုင်ရေး ကိစ္စ ရပ်ဆိုင်ရာများကို အသီးသီး ရှင်းလင်းပြောကြားကြသည်။
ထိုနောက် ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက အဆောက်အဦအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

အဆိုပါ ကော့သောင်းမြို့၊ လူကုန်ကူးခံရသူများ ယာယီ စောင့်ရှောက်ရေးဂေဟာ အဆောက်အဦအား ၂၀၁၂ ခုနှစ်၊ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ဂျပန်အစိုးနှင့် ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် အကောင်အထည် ဖေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment