Friday, April 25, 2014

မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

ဘုတ်ပြင်း ၊ ဧပြီ ၂၃ ရက်
ဘုတ်ပြင်းမြို့နယ်၊ မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက်၊ နံနက် ၈ နာရီက ဘုတ်ပြင်းမြို့ ၊ အ.ထ.ကကျောင်း န၀ရတ်ခန်းမတွင် ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းလှိုင်မှ သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းသာက သင်တန်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များ၊ သင်တန်းသားများ လိုက်နာ ကြိုးစားသင်ယူရေးနှင့် ထူးချွန်ထက်မြက်ရေး ကိစ္စများကို ရှင်းလင်းမှာကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်တင်နွဲ့ရည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အကျယ်တ၀င့်ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ နေ့စားလပေး ဆရာ/ဆရာမ (၁၉၆) ဦးအား သင်တန်းကာလ (၁) လ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းအောင်မြင်သူများအား မူလတန်းပြအဖြစ် တိုးမြှင့်ခန့်ထား ပေးမည်ဖြစ်ရာ နိုင်ငံတော် အနာဂါတ် ထူးချွန်ထက်မြက်သည့် သားကောင်းရတနာများ ထွက်ပေါ်လာရေး လေ့ကျင့်သင်ကြား မွေးထုတ်ပေးကြရမည့် အရည်အချင်းပြည့်ဝသည့် ဆရာ/ဆရာမများ ထွက်ပေါ်လာရေး ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရှိရသည်။

No comments:

Post a Comment