ရန်ကုန်-ဧပြီ(၁)
၂၀၁၄ ခုနှစ်
ဧပြီ(၁)ရက်မှ စတင်သုံးစွဲသော လျှပ်စစ်ဓာတ်အား ယူနစ်များသည် ပြင်ဆင်သတ်မှတ်ပြီးဖြစ်သော
နှုန်းထားသစ်များဖြင့် စတင်ကောက်ခံ တော့မည်ဖြစ်ရာ လျှပ်စစ်မီတာ ဖတ်ချက်များ မှန်ကန်တိကျစေရေးအတွက်
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့(ရုံးချုပ်) မီတာဖတ်ကြီးကြပ်ရေးအဖွဲ့
များသည် ပုံမှန်မီတာဖတ် ဝန်ထမ်းများနှင့်အတူ ဓာတ်အားသုံးစွဲသည့် မိဘပြည်သူများထံသို့
ဧပြီ(၁)ရက်မှ (၅)ရက်အထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ကြပ်မတ်ဆောင်ရွက်ရာ၌
ယနေ့ နံနက်(၈)နာရီတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဋ္ဌသည် ရုံးချုပ်
ဘဏ္ဍာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၊ အလုံမြို့နယ်
အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဘဏ္ဍာရေးမှူးများ လိုက်ပါ၍ အလုံမြို့နယ် သစ်တောလမ်း အမှတ်(၄၈)နေ
မီးသုံးစွဲသူ ဒေါ်ချိုမာလွင် (မီတာအမှတ်-YD-၄၁၀၄၉, YD- ၄၃၉၈၉)နှင့် ဦးဆိတ်မောင် (မီတာအမှတ်-
YD-၃၆၃၁၂) နေအိမ်တို့သို့ သွားရောက်၍ အိမ်ရှင်များနှင့်အတူ မီတာဖတ်ရှု၍ အတည်ပြုခြင်းကို
ဆောင်ရွက်ကြ သည်။
ထို့အပြင် ဓာတ်အားခနှုန်းထား
အသစ်ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း ဧပြီ(၁)ရက်မှ စတင်သုံးစွဲသော ဓာတ်အားယူနစ်များ မှန်ကန်တိကျစေရေး
ဓာတ်အားခနှုန်းထားအသစ်အရ ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် လာရောက်ဖတ်ရှု ပေးခြင်းဖြစ်ကြောင်း၊
ဧပြီလအတွင်း သုံးစွဲခဲ့သော ဓာတ်အားခများအား နှုန်းထား အသစ်ဖြင့် မေလမှသာ ပေးသွင်းရမည်
ဖြစ်ကြောင်း မီးသုံးစွဲသူ ပြည်သူများအား ရှင်းလင်းတင်ပြခဲ့ ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment