နေပြည်တော်-ဧပြီ(၁)
နိုင်ငံတော်သမ္မတ၏
နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေးအတွက် စီးပွားရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်း
ကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းသည်
မတ်(၃၀)ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ Fame ဆေးဝါးလုပ်ငန်း၊
လှိုင်သာယာစက်မှုဇုန်(၃)ရှိ ပဲခွဲစက်နှင့် သန့်စင်စက်၊ ရွှေပြည်သာစက်မှုဇုန်(၄)ရှိ ပဲခွဲစက်နှင့်
နှမ်းလှော်စက်ရုံနှင့် ဗဟန်းမြို့နယ်ရှိ လွင်မြင့်အောင် တိုင်းရင်းဆေး လုပ်ငန်းတို့သို့
ကွင်းဆင်းစစ်ဆေး
သည်။
ဒုတိယဝန်ကြီးသည်
မတ်(၃၁)ရက် နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ် ကုန်သည်/စက်မှု အသင်းချုပ် အဆောက်အအုံရှိ
မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄)ရှိ
Great International Fisheries
Co., Ltd. တို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment