နေပြည်တော်-ဧပြီ(၁)
ရန်ကုန်မြို့
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် စက်မှုဓမ္မာရုံတွင် စက်မှုဝန်ထမ်းဟောင်းများအသင်း၏ ပထမအကြိမ်
အသင်းသား စုံညီအစည်းအဝေးကို မတ်(၂၉)ရက် နံနက်(၉)နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး
ဦးမောင်မြင့်နှင့် ဦးအေးမြင့်၊ ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်းများဖြစ်ကြသော
ဦးတင့်ဆွေ၊ ဦးအောင်သောင်း၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ ယခင်အမှတ် (၁)နှင့် အမှတ် (၂)
စက်မှုဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးဟောင်းများ ဖြစ်ကြသော ဦးသန်းထွန်း၊ ဦးခင်မောင်ကျော်၊
ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ
ယခင် အမှတ်(၁)စက်မှုဝန်ကြိးဌာန ဝန်ကြီးဟောင်း ဦးတင့်ဆွေ၊ ဦးအောင်သောင်းတို့က အမှာစကား
ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အမှာစကား ပြောကြားရာတွင် ဝန်ထမ်းဟောင်း များအနေဖြင့်
တစ်ချိန်က မိမိတို့ ဝန်ကြီးဌာန တိုးတက် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပြီး
ထိုအချိန်က ဝန်ကြီးဌာနသည် မိဘ၊ ဝန်ထမ်းများသည် သားသမီးသဖွယ်ဖြစ်ခဲ့ရာမှ ယခုအခါ ဝန်ထမ်းဟောင်း
များက မိဘသဖွယ်ဖြစ်ပြီး ဝန်ကြီးဌာနက သားသမီးပြန်ဖြစ်သွား၍ သားသမီးများက မိဘကို ပြန်လည်ကျေးဇူးဆပ်
စောင့်ရှောက် ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တစ်ဖက်မှလည်း ဝန်ထမ်းဟောင်းများ၏ အခက်အခဲများကို
ကူညီဖြေရှင်းပေးနိုင်ရေး၊ ဝန်ထမ်းဟောင်းများအနေဖြင့် အငြိမ်းစား ယူပြီးနောက် လူမှုပတ်ဝန်းကျင်မှ
ဖယ်ခွာသွားပြီး စိတ်ဓာတ်မကျဆင်းစေရေးတို့အတွက် အသင်းကြီးအား ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း
ဖြစ်ပါကြောင်း၊ ဝန်ထမ်းဟောင်း များ၏ အတွေ့အကြုံများကို အလေးထား တန်ဖိုးထား ပါကြောင်းနှင့်
မိမိတို့ဝန်ကြီးဌာန ကောင်းရာကောင်းကျိုး များကို အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်မှုဝန်ထမ်းဟောင်းများဥက္ကဋ္ဌ
ဒုတိယဝန်ကြီး(ငြိမ်း)ဦးခင်မောင်ကျော်က ဆွေးနွေး ပြောကြားပြီး အလှူငွေများ ပေးအပ်ခြင်း
အခမ်းအနားကို ဆက်လက်ကျင်းပသည်။
နိုင်ငံတော်၏
စက်မှုကဏ္ဍ တိုးတက်ရေး ဆွေးနွေးပွဲများတွင် ပါဝင်အကြံပြုဆွေးနွေးနိုင်ရန်၊ သာရေး၊ နာရေး၊
ပညာရေးနှင့် ကျန်းမာရေးကိစ္စများ စုစည်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံသမိုင်းတစ်လျှောက်
စီမံခန့်ခွဲပုံ စနစ်များအကြောင်း လက်ဆင့်ကမ်း နိုင်ရန် ရည်ရွယ်ချက်များဖြင့် စက်မှုဝန်ထမ်းဟောင်းများ
အသင်းကို ၂၀၁၄ ခုနှစ် မတ် (၅)ရက်တွင် ဖွဲ့စည်းခဲ့ရာ ယနေ့အချိန်ထိ ရာသက်ပန် အသင်းဝင်(၄၇)ဦး
အပါအဝင် အသင်းဝင် (၁၀၀၀) ကျော်ရှိနေပြီး အသင်းဝင်များ ထပ်မံတိုးပွား လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊
အသင်းကြီးအား ဂုဏ်ထူးဆောင် နာယကအဖွဲ့၊ နာယကအဖွဲ့၊ အမှုဆောင်အဖွဲ့၊ ပညာရေး၊ ကျန်းမာရေး
စောင့်ရှောက်မှု ဆပ်ကော်မတီ၊ သာရေး၊ နာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ အသင်းဝင်များစုစည်းရေး
ဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီများဖြင့် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊
ယနေ့ ကျင်းပသည့် အသင်းသားစုံညီအစည်းအဝေးသို့ ဂုဏ်ထူးဆောင်နာယကများ၊ အမှုဆောင်များ အပါအဝင်
စက်မှုဝန်ထမ်းဟောင်းများ (၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment