Tuesday, April 29, 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၉

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် လွှတ်တော်၊ အစိုးရအဖွဲ့တို့ဖြင့်သာ မအောင်မြင် နိုင်ဘဲ နိုင်ငံသားအားလုံး ပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်းဖြင့် ဧပြီ(၂၈)ရက် နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်း အနား တွင် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ များနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီများ၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကား ပြောကြားသည်။ ထို့နောက် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်၊ မြောင်းမြခရိုင် အတွင်းရှိ မြောင်းမြ၊ အိမ်မဲနှင့် ဝါးခယ်မ၊ လပွတ္တာခရိုင် အတွင်းရှိ လပွတ္တာနှင့် မော်လမြိုင် ကျွန်းမြို့နယ်တို့မှ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးတိုင်းအောင်၊ ဦးထွန်းမြင့်၊ ဦးစိုးသန်း၊ ဦးသန်းထွန်း၊ ဦးမြင့်ဆွေ၊ ဦးဝင်းနိုင်၊ ဦးတင်လတ်၊ ဦးထိန်ဝင်း၊ ဒေါက်တာ သက်ရှည်၊ ဦးညွန့်ရွှေနှင့် ဒေါက်တာလှဟန်တို့က ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက်များကို အကြံပြု ဆွေးနွေး တင်ပြ ကြသည်။ အလားတူ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များကလည်း အထွေထွေ ကိစ္စရပ်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။ ယင်းနောက် တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးကျော်စန်းတို့က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။ တင်ပြချက် များအပေါ် ပြည်ထောင်စု လွှတ်တော်နာယကက ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့မှ မော်တော်ယာဉ်များဖြင့် ပုသိမ်မြို့နယ် ငွေဆောင်မြို့နယ်ခွဲရှိ ငွေဆောင် ကမ်းခြေသို့ ရောက်ရှိကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုလွှတ်တော် နာယကသည် ငွေဆောင်ကမ်းခြေရှိ Sunny Paradise Resort ဟိုတယ်ဧည့်ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ စီမံခန့်ခွဲရေး ကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများအား တွေ့ဆုံသည်။ ရှေးဦးစွာ ပြည်ထောင်စု လွှတ်တော်နာယကက ငွေဆောင်ဒေသသို့ မရောက်ဖြစ် သည်မှာ (၁၄) နှစ်ကျော်ခဲ့ ပြီဖြစ်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၌ မိမိတာဝန် ထမ်းဆောင်စဉ်က ဟိုတယ်ဇုန် ဖြစ်မြောက်ရေးအတွက် ကြိုးစား ဆောင်ရွက် ခဲ့ကြောင်း၊ လိုအပ်ချက် များရှိပါက ညှိနှိုင်း ပေါင်းစပ်ပေးရန် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ငွေဆောင်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၊ မြို့နယ်ခွဲဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်း၊ မြို့နယ်ခွဲစည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ကြည်နှင့် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(ငွေဆောင်ဇုန်) ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မမမိုးတို့က ဒေသ၏ လိုအပ်ချက် များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ငွေဆောင် ဒေသဖွံ့ဖြိုးရေး စီမံဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းဆွေးနွေး တင်ပြသည်။ တင်ပြချက်များ အပေါ် ပြည်ထောင်စု လွှတ်တော်နာယကနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

No comments:

Post a Comment