Tuesday, April 29, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၂၉


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Anthony John Lynch အား ယနေ့နံနက်(၁၀)နာရီ (၁၅)မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်အောင် ဆောင်ရွက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် နယူးဇီလန်နိုင်ငံမှ နည်းပညာနှင့် အတွေ့အကြုံများ ဆက်လက်ကူညီပံ့ပိုးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment