ရန်ကုန်-ဧပြီ(၂၉)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့နှင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အအေးခန်းနှင့် ရေခဲစက် လုပ်ငန်းရှင်များသည် ယနေ့မွန်းလွဲ
(၁)နာရီတွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
အစည်းအဝေးခန်းမ၌
လျှပ်စစ် ဓာတ်အား စဉ်ဆက်မပြတ် ရရှိရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြရာ
ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ယခုနှစ်တွင်
တစ်နိုင်ငံလုံး မဟာဓာတ်အားလိုင်း ရှိသည့်နေရာတိုင်းတွင် လျှပ်စစ်မီး(၂၄)နာရီရရှိနေမှု
အခြေအနေများကို ပဏာမရှင်းလင်း ပြောကြားသည်။
ထို့နောက် အအေးခန်းနှင့် ရေခဲစက်လုပ်ငန်းရှင်များက ယခုနှစ်နွေရာသီတွင် လျှပ်စစ်မီးအပြည့်အဝ
ရရှိသည့်အတွက် လုပ်ငန်းများအဆင်ပြေကြောင်းနှင့် လျှပ်စစ်ဓာတ်အားနှုန်းထားခများနှင့်စပ်လျဉ်း၍
ဆွေးနွေး ကြရာ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာန
ဒုတိယ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်တို့က ပြန်လည်ဆွေးနွေးကြပြီး အဖွဲ့ဒုတိယဥက္ကဋ္ဌ
ဦးမောင်မောင်လတ်က လျှပ်စစ်မီးစဉ် ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့အနေဖြင့် အထူးကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment