Wednesday, April 30, 2014

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ် အဖွဲ့သို့ ပေးပို့လာသည့် အကြံပြုစာများကိစ္စတင်ပြခြင်း

မေး - အလုပ်သမားအဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်းမှတ်ပုံတင်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲများအား ဖြေရှင်းပေးပါရန် ခရမ်းမြို့နယ် မြို့နယ် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်ခင်ငြိမ်းပါ ၆၇ ဦဦးကစုပေါင်းလက်မှတ်ရေးထိုး၍ အခက်အခဲများအား ဖြေရှင်းပေးပါရန်၊

ဖြေ - အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အသိအမှတ်ပြု လက်မှတ်လျှောက်ထားလာသော အဖွဲ့အစည်းများအား စတင်လျှောက်ထားသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိပါသည်။ သို့ရာတွင် အဖွဲ့အစည်းများက အသိအမှတ်ပြု လက်မှတ်လျှောက်ထားရာ၌ လိုအပ်ချက်များ ရှိနေပါက မြို့နယ်မှတ်ပုံတင်အရာရှိမှလိုအပ်ချက်များ ပြန်လည်တောင်းခံခြင်းကို အဖွဲ့အစည်းများမှ နားလည်မှု လွဲမှားနေခြင်းများလည်း ရှိပါသည်။ အဆိုပါ မြို့နယ်အလုပ်သမား အဖွဲ့အစည်းသည် ၆-၁၁-၂၀၁၂ ရက်နေ့တွင် အသိအမှတ်ပြုလက်မှတ် စတင်လျှောက်ထားခဲ့ပြီး မှတ်ပုံတင်အရာရှိ ချုပ်က မှတ်ပုံတင်အမှတ် (၁/၂၀၁၃) ဖြင့် မရမ်းကုန်းမြို့နယ် တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေးမြို့နယ်အလုပ်သမားအဖွဲ့အစည်းအဖြစ် ၁-၁-၂၀၁၃ ရက်နေ့ တွင် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးပြီး ပါကြောင်း ဖြေကြားအပ်ပါသည်။
မေး - ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အခြေခံစိုက်ပျိုးရေး အလုပ်သမားအဖွဲ့ အစည်း ခုနစ်ဖွဲ့ရှိရာ ငါးဖွဲ့ဖြင့် မြို့နယ်အလုပ်သမား အဖွဲ့အစည်းဖွဲ့စည်းခဲ့ရာ မြို့နယ်မှတ်ပုံတင် အရာရှိက လျှောက်လွှာအား လက်မခံသည့်အတွက် အခက် တွေ့နေရသဖြင့် အလုပ်သမားအဖွဲ့အစည်းဥပဒေပုဒ်မ ၄(ခ)အရ အခြေခံ အလုပ်သမားအဖွဲ့အစည်း ၁၀ ရာခိုင်နှုန်းက ထောက်ခံပါက ဖွဲ့စည်းခွင့်ပေး ရမည်ဖြစ်ရာ ထိုမြို့နယ်တွင် ၇၁ ဒသမ ၄ ရာခိုင်နှုန်း ထောက်ခံ ခဲ့သော်လည်း ဖွဲ့စည်းခွင့် မရရှိကြောင်း တင်ပြ အစီရင်ခံခဲ့သော်လည်း  ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မှတ်ပုံတင်ခွင့်မရရှိဖြစ်နေပါကြောင်း၊
ဖြေ - ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အခြေခံစိုက်ပျိုးရေးအလုပ်သမားအဖွဲ့ အစည်း ခုနစ်ဖွဲ့ရှိသည့်အနက် ငါးဖွဲ့အုပ်စုနှင့် နှစ်ဖွဲ့အုပ်စု သဘောထားကွဲလွဲလက်ရှိပြီး ယင်းအဖွဲ့များ ပူးပေါင်း၍ အခြေခံ အဖွဲ့အစည်း အားလုံး ပါဝင်ရွေးချယ်သည့် မြို့နယ်အဆင့်ဖွဲ့စည်းရေး မြို့နယ်မှတ်ပုံတင်အရာရှိ က ဦးဆောင်ကာ ညှိနှိုင်း ဆွေးနွေးမှုများအား အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အချင်းချင်းပြေလည်မှုမရရှိခဲ့ပါ။ နောက်ဆုံးအကြိမ် ထပ်မံညှိနှိုင်းမှု ပြုလုပ်ပေး ခဲ့ရာတွင် သဘောထားကွဲလွဲနေသည့် နှစ်ဖွဲ့အုပ်စုက မြို့နယ်အဆင့်အဖွဲ့အစည်း တွင် ပါဝင်လိုခြင်းမရှိ သည့်အတွက် ငါးဖွဲ့ဖြင့်သာ မြို့နယ်အဆင့်အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ အဖွဲ့ငါးဖွဲ့ကိုယ်စား မြို့နယ် အဆင့်အဖွဲ့အစည်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့်သူ ကွယ်လွန် သွားကြောင်းသိရှိရပြီးနောက် အဆိုပါအဖွဲ့အစည်းကလည်း ထပ်မံပြင်ဆင် လျှောက်ထားလာမှု မရှိပါကြောင်း ဖြေကြားအပ်ပါသည်။
မေး - ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အလုပ်သမားအဖွဲ့အစည်းများအားလုံး ပါဝင်၍ မြို့နယ်အဆင့် ဖွဲ့စည်းနိုင်ရေးကြိုးပမ်းခဲ့ရာ မြို့နယ် ဦးစီး အရာရှိ ရှေ့မှောက်တွင် အဖွဲ့အစည်းမှတ်ပုံတင်ရရှိပြီးသော ၁၃ ဖွဲ့က ရာနှုန်းပြည့်တက် ရောက်ဖွဲ့စည်းခဲ့ရာတွင် အမှုဆောင်များကို မဲပေးရွေးချယ်တင်မြှောက်ခဲ့ ပြီးနောက် တက်ရောက်မဲပေးခဲ့သည့် ကိုယ်စားလှယ်တစ်ဦးက အကြောင်းမဲ့ကန့်ကွတ်သည်ကို မြို့နယ် ဦးစီးမှူးက လက်ခံ၍ မှတ်ပုံတင် လျှောက်လွှာကို လက်ခံခြင်း မရှိခဲ့ပါကြောင်းနှင့် ထိုနည်းအတူ အခြားတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်နှင့် အဖွဲ့ချုပ်အဆင့်များတွင်လည်း အခက်အခဲများ ကြုံတွေ့ နေရပါကြောင်း၊
ဖြေ(၃)- ယခုမေးမြန်းချက်တွင် အဖွဲ့အစည်းမှတ်ပုံတင်ရရှိပြီးသော ၁၃ ဖွဲ့တက်ရောက်ကြောင်းသာ ဖော်ပြထားရာ မည်သည့်လုပ်ငန်းများ၏ အခြေခံ အလုပ်သမား အဖွဲ့အစည်းများက ဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပါ။ အလုပ် သမားအဖွဲ့အစည်း ဥပဒေအရ မြို့နယ်အဆင့် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ လုပ်ငန်းသဘောသဘာဝ တူညီသော အခြေခံ အလုပ်သမားအဖွဲ့အစည်းများ စုစည်း၍ လျှောက်ထားရမည်ဖြစ်ပါသည်။ သို့သော်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လုပ်ငန်း အမျိုးအစားမတူညီသော အခြေခံအလုပ်သမားအဖွဲ့အစည်း ၁၃ ဖွဲ့အား အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ရာ ယင်းအဖွဲ့အစည်းများ အားလုံးပါဝင်၍ မြို့နယ်အဆင့် ဖွဲ့စည်းနိုင်ရေး လျှောက်ထားခဲ့ခြင်းမရှိပါကြောင်း နှင့် အကယ်၍ မြို့နယ်အဆင့် လျှောက်ထားမည်ဆိုပါက လည်း လုပ်ငန်း သဘောသဘာဝ တူညီသည့် အခြေခံ အဖွဲ့အစည်းများစုစည်း၍ စုပေါင်းသဘော တူညီချက်ဖြင့် အမှုဆောင်များ ရွေးချယ်လျှောက်ထားရမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
မေး(၄)- ပဲခူးတိုင်းဒေသကြီးတွင် မှတ်ပုံတင်ရရှိပြီးသော မြို့နယ်မှတ်ပုံတင် အလုပ်သမားအဖွဲ့အစည်း လေးခုက စုပေါင်း၍ ပဲခူးတိုင်းဒေသကြီး အဆင့် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်း ရာတွင် ရာနှုန်းပြည့်တက်ရောက်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် ယင်းတိုင်း ဒေသကြီးဖွဲ့စည်းရေးတွင် ကိုယ်တိုင်တက် ရောက်ပါဝင်ခဲ့သူ (ကိုယ်စားလှယ် မဟုတ်သူ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦး) ကကျိုးကြောင်းဆီလျော်မှုမရှိ ကန့်ကွက်ခဲ့သဖြင့် တိုင်းဒေသကြီးအဆင့် တောင်သူလယ်သမားနှင့်စိုက်ပျိုး ရေး အလုပ်သမားအဖွဲ့၏ မှတ်ပုံတင်ခြင်း လက်ခံမှုမရှိသဖြင့် ကြန့်ကြာလျက် ရှိပါကြောင်း၊
ဖြေ(၄)- တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ကို ဖွဲ့စည်းရာတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ လုပ်ငန်းသဘောသဘာဝ တူညီသော မြို့နယ် အဖွဲ့အစည်းများပါရှိရန် လိုအပ်ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း၌ တောင် သူလယ်သမားနှင့်စိုက်ပျိုးရေး အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်း ထားသောမြို့နယ် ၁၂ မြို့နယ်ရှိပါသည်။ ယနေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း ၌ မြို့နယ်အဆင့်အဖွဲ့အစည်းများအဖြစ် စိုက်ပျိုးရေး မြို့နယ်အလုပ်သမား အဖွဲ့စည်း ၅ ဖွဲ့နှင့် ကုန်တင်ကုန်ချမြို့နယ် အလုပ်သမားအဖွဲ့အစည်း ၂ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ယခုအခါ ပဲခူးတိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့အစည်းကို အဆိုပါ မြို့နယ်အဆင့်အဖွဲ့အစည်း လေးဖွဲ့ဖြင့် လျှောက်ထားလာခဲ့ရာတွင် အခြားအခြေခံအဖွဲ့အစည်းရှိသော မြို့နယ်များမှ မြို့နယ်အဆင့် ဖွဲ့စည်း၍ တိုင်းဒေသကြီး အဆင့်တွင် အမှုဆောင်အဖြစ် ပါဝင်လိုကြောင်း လျှောက်ထားလာပါက မလိုလားအပ်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်ပါသည်။

No comments:

Post a Comment