Tuesday, April 29, 2014

အင်းလေးကန်အတွင်း ငါးမျိုးစုံ ကောင်ရေ ၁၀ သိန်း ဇိဝိတဒါန လွှတ်မည်

ကဆုန်လပြည့်နေ့တွင် အင်းလေးကန်အတွင်းသို့နှလုံးသားအလှ ကရုဏာရှင် ပရဟိတ လူငယ်များအဖွဲ့မှ ငါးမျိုးစုံ အကောင်ရေ ၁၀ သိန်းကို ဇီဝိတ ဒါနဖြင့်ငါးလွှတ်ပွဲကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အင်းလေးကန်အတွင်း ငါးမျိုးစုံ ကောင်ရေ ၁၀ သိန်းကို ဇီဝိတဒါနဖြင့် ငါးမျိုးစိုက်ထည့်ရခြင်းမှာ
အင်းလေးကန်အတွင်းရှိ ငါးမျိုးများရှားပါးလာမှုကို အစားထိုး ဖြည့်ဆည်းပေးရန်၊ ဂေဟစနစ်ကို အထောက်အကူ ပြုစေရန်၊ အင်းလေးကန်အတွင်း လွှတ်လိုက်သည့် ငါးများကြီးထွားလာပြီး မျိုးပွားလာကြကာ ဒေသခံပြည်သူများ အတွက် ငါးစားသုံးမှု အဆင်ပြေစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ငါးမျိုးစုံကောင်ရေ ၁၀သိန်းတွင် ငါးတန်၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးမုတ်တို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ မြို့နယ် မောင်းမကန်လမ်းမကြီးပေါ်ရှိ နှလုံးသားအလှ ကရုဏာရှင် ပရဟိတလူငယ်များအဖွဲ့နှင့် တွံတေးမြို့နယ်မှ ဦးအောင်အောင်( ကုသိုလ်ရဖို့- ငါးလွှတ်စို့) တို့ ပူးပေါင်း၍ငါးမျိုးများရှားပါးနေပြီဖြစ်သော အင်းလေးကန်အတွင်းသို့ ငါးမျိုးစုံကောင် ရေ ၁၀ သိန်း ငါးမျိုးစုံကို စိုက်ထည့်ကုသိုလ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment