Monday, April 28, 2014

ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့် အဖွဲ့ ပေကျင်း အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခဲ့

နေပြည်တော် ဧပြီ ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပုံနှိပ်၊ ပြန်ကြားရေး၊ ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား၊ အုပ်ချုပ်ရေးဌာန (State Administration of Press, Publication, Radio, Film and TV-SAPPRFT)မှ ဖိတ်ကြားချက် အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးနှင့် အဖွဲ့သည် ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့သွားရောက်ခဲ့ပြီး

ဧပြီ ၂၃ရက် ညပိုင်းတွင်ပေကျင်းရုပ်သံလွှင့်ခန်းမ၌ ကျင်းပသည့် ပေကျင်းအပြည်ပြည် ဆိုင်ရာရုပ်ရှင်ပွဲတော် (Beijing Inter- national Film Festival) ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ပေကျင်း အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ကို စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ရုပ်ရှင်ကားပေါင်း ၈ဝဝ ကျော် ပါဝင်ယှဉ်ပြိုင်ပြသကာ ယှဉ်ပြိုင်မှုကဏ္ဍနှင့် ယှဉ်ပြိုင်မှုမဟုတ်သော ကဏ္ဍဟူ၍ နှစ်ပိုင်းခွဲပြီး ကျင်းပသည်။ ယှဉ်ပြိုင်မှုကဏ္ဍတွင် နိုင်ငံတကာမှ ပါဝင်ယှဉ်ပြိုင်သော ရုပ်ရှင်ဇာတ်ကားများအနက်မှ နိုင်ငံတကာ ရုပ်ရှင့်ပညာရှင်များပါဝင်သော ဆုရွေးချယ်ရေးအဖွဲ့က ဆန်ခါတင်ရုပ်ရှင်ဇာတ် ကား ၁၅ ကားရွေးချယ် ပြီး ယင်းဇာတ် ကားများအနက် ၁ဝ ဆုကို ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင်ကျင်းပသည့် ပေကျင်း အပြည်ပြည်ဆိုင်ရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံမှ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးသည့် ''ပန်းကြာဝတ်မှုန်'' ရုပ်ရှင်ဇာတ်ကားပါဝင်ယှဉ်ပြိုင်ပြသခဲ့သည်။ ရုပ်ရှင်ပွဲတော်တွင်ရုပ်ရှင်ဇာတ် ကားများ ပါဝင်ပြသခြင်း သာမက ရုပ်ရှင်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ၊ ဟောပြောပို့ချမှုများ၊ ပြခန်းများနှင့် ရုပ်ရှင်ဇာတ်ကား ရောင်းချခြင်း၊ ဖလှယ်ခြင်းများကို ထည့်သွင်းကျင်းပခဲ့သည်။
ဧပြီ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့ မြောက်ပိုင်းရှိ တရုတ်ရုပ်ရှင်ကုမ္ပဏီအုပ်စု၏ ဒစ်ဂျစ်တယ်စနစ်ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းနှင့် စတူဒီယိုလုပ်ငန်းများသို့ သွားရောက် လေ့လာသည်။
အဆိုပါလုပ်ငန်းကို တရုတ်ရုပ်ရှင်ကုမ္ပဏီအုပ်စုမှ ပေကျင်းမြို့ မြောက်ဘက်တွင်ဧက ၁၃ဝရှိ မြေ အကျယ်အဝန်းပေါ်၌ အတွင်းအပြင့်ရုပ်ရှင်ရိုက်ကူးရေး အဆောက် အအုံများ ထည့်သွင်းဆောက်လုပ်ထားပြီး နိုင်ငံတကာမှ ထင်ရှားသည့် ရုပ်ရှင်ဇာတ်ကားများ၏ ဇာတ်ဝင်ခန်းများကို လာရောက်တည်ဆောက် ရိုက်ကူးခြင်းနှင့် အသံစနစ်များ ဆောင်ရွက်ခြင်း တို့ဖြင့် ပြုလုပ်ရိုက်ကူး ရာနေရာဖြစ်သည်။ ထို့ပြင့်တရုတ် နိုင်ငံ၏ ခေတ်အဆက်ဆက် ဝတ်စား ဆင်ယင်မှု၊ ကဏ္ဍအလိုက် အသုံး အဆောင်ပစ္စည်းများ၊ ရုပ်ရှင်နှင့် ပတ်သက်သည့် မှတ်တမ်းများ ထိန်း သိမ်းထားရှိခြင်း၊ ရုပ်ရှင် ရိုက်ကူးရာတွင် အသုံးပြုသော စက်ပစ္စည်း ကိရိယာများနှင့် လိုအပ်ချက်များကို ငှားရမ်းပေးခြင်း ဆောင်ရွက်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် SAPPRFT ၏ သုတေသနနှင့် လေ့ကျင့်ရေးကျောင်းသို့ သွားရောက် လေ့လာသည်။ ယင်းကျောင်းမှ ရှစ်နှစ်အတွင်း နိုင်ငံပေါင်း ၁၃၉ နိုင်ငံမှ ကျောင်းသားပေါင်း ၂ဝဝဝ ကျော်ခန့်ကို လေ့ကျင့် သင်ကြားပေးခဲ့ပြီး ခေတ်မီစက်ကိရိယာများဖြင့် ရုပ်မြင့်သံကြားထုတ်လွှင့်မှုမီဒီယာ (Broad-cast Media) နှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ အမြန်ဆုံးနှင့် လွယ်ကူသက်သာစွာ ရောက်ရှိနိုင်သည့် နည်းလမ်းများကို သုတေသန ပြုလုပ်ကာ နည်းပညာစွမ်းအားဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရန် လေ့ကျင့်သင်ကြားပေးသည့် ကျောင်းဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင်ကိုယ်စားလှယ် အဖွဲ့သည် SAPPRFT မှ ဒုတိယ ဝန်ကြီး Mr. Tong Gang က တည်ခင်းသော ညစာ စားပွဲသို့ တက်ရောက်ပြီး တရုတ်-မြန်မာရုပ်ရှင်ကဏ္ဍအခြေအနေကို အမြင်ချင်းဖလှယ်ကြကာ နှစ်နိုင်ငံပူးပေါင်း၍ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုဆိုင်ရာများ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားအစီအစဉ်များ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်သော ရုပ်ရှင်၊ ရုပ်မြင်သံကြား ဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ် ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံမှ သင်တန်းသားများစေလွှတ်၍ လေ့ကျင့်သင်ကြား ရေးဆိုင်ရာများကို ဆွေး နွေးခဲ့ကြသည်။
ဧပြီ ၂၅ ရက်တွင်ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် တရုတ်ရုပ်ရှင်ဗျူရို၏ တရုတ်ရုပ်ရှင်ပူးပေါင်း ထုတ်လုပ်ရေး ကော်ပိုရေးရှင်းသို့ သွားရောက်ပြီး နှစ်နိုင်ငံပူးပေါင်း၍ ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင်ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့်အတူ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ ကိုယ်စားလှယ်များ လိုက်ပါသွားကြောင်း သိရှိရသည်။ 

No comments:

Post a Comment