Monday, April 28, 2014

နဝမ အကြိမ်မြောက် အရှေ့တောင် အာရှ လူငယ် ပြေးခုန် ပစ်ပြိုင်ပွဲ ဖွဲ့ပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၂၇
န၀မ အကြိမ်မြောက် အရှေ့တောင် အာရှ လူငယ် ပြေးခုန်ပစ် ပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်း၌ ကျင်းပရာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အားပေးသည်။




ရှေးဦးစွာ အာရှ ပြေးခုန်ပစ် အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr.SURAPONG Ariyamongkol က နှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အိုလံပစ်ကော် မတီဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် ယခု အားကစား ပွဲသည် မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ် ဒီဇင်ဘာက အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သော အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ပြီးနောက် ကျင်း ပသည့် ပထမဆုံး နိုင်ငံတကာ အားကစား ပြိုင်ပွဲ ဖြစ်ပါကြောင်း။
မိမိတို့ အနေဖြင့် နေပြည်တော် တွင် (၉)ကြိမ် မြောက် အရှေ့တောင် အာရှ လူငယ် အားကစား ပြိုင်ပွဲကို လက်ခံ ကျင်းပခွင့် ရသည့် အတွက် များစွာ ကျေးဇူးတင် ဂုဏ်ယူမိ ပါကြောင်း။ အရှေ့ တောင် အာရှ လူငယ် အားကစား ပြိုင်ပွဲကြီးသည် အားကစား သမား များ၏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေး သာမက မိမိတို့ နိုင်ငံများ အကြား စစ်မှန် သော ချစ်ကြည် ရင်းနှီးမှုနှင့် အပြန် အလှန် နားလည်မှုတို့ အတွက်လည်း ပို၍ အရေးပါ ပါကြောင်း။
ယခု အားကစား ပြိုင်ပွဲသည် မိမိတို့၏ လူငယ် အားကစား သမားများ အတွက် အာဆီယံနှင့် နိုင်ငံတကာ အဆင့်သို့ တက်လှမ်း နိုင်မည့် ခိုင်မာသော လမ်းကြောင်း ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်သူ့ လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံ ရေးဖွံ့ဖြိုးတိုး တက်မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းတို့က ပြိုင်ပွဲဝင် အသင်းများအား လိုက်လံ နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ပြိုင်ပွဲဝင် အသင်းများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာ ကြပြီး မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်မှ အားကစား သမားများက သရုပ်ပြ ခြင်းလုံးခတ် ကစားပြကြကာ မြန်မာနိုင်ငံ သိုင်းအဖွဲ့ ချုပ်မှ အားကစား သမား များကလည်း မြန်မာ့ သိုင်းပညာဖြင့် သရုပ်ပြသ ကစားခဲ့ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲကို ဧပြီ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပ သွားမည် ဖြစ်ပြီး ပြိုင်ပွဲသို့ အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် စင်ကာပူ နိုင်ငံတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမား ၂၀၂ ဦး ဝင်ရောက် ယှဉ်ပြိုင် ကြကြောင်း၊ ပြိုင်ပွဲတွင် အားကစားနည်း ၄၃ မျိုးကို ထည့်သွင်း ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment