Thursday, May 1, 2014

အနော်ရထာမင်းလက်ထက် တည်ထားကိုးကွယ်ခဲ့သော နဂါးကျစ် ရန်အောင်မြင် စေတီတော် မြေထိန်းနံရံ ကျောက်သားအသစ် စတင်တည်ဆောက်

ရန်ကုန် ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင်/မြို့နယ် အမှတ် ၅ နယ်မြေ ချောင်းရိုးရပ်ကွက် ဧရာဝတီကမ်းနံ ဘေး၌ အနော်ရထာမင်းကြီး တည် ထားကိုးကွယ်ခဲ့သော နဂါးကျစ်မှော် စေတီတော်၌ မြေထိန်းကျောက်သားနံရံတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မြစ်ရေတိုက်စားမှုကြောင့် စေတီတော်တံတိုင်းသည် ဘုရားကုန်း မြေနှင့် သုံးပေခန့်သာကွာတော့ပြီး သာသနာ့အမွေ အနှစ် ရှေးဟောင်းယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ်သည့်အနေဖြင့် မြို့နယ်သံဃာ့ နာယက ဆရာတော်ကြီးများ ကိုယ်တိုင် ဦးစီးဆောင်ရွက်ကာ ဆောက်လုပ်မည်ဖြစ်သည်။
ဘုန်းမြင့်မိုရ် ဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာများ၏တိုင်းထွာတွက်ချက်မှုအရ အောက်ခြေကမ်းပါးနံရံမှာ အလျား ပေ ၂ဝဝ၊ အနံ ၂၅ ပေ၊ အမြင့် ၂၆ ပေ ရှိ ကျောက်သားနံရံ ဆောက်လုပ်ရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေမှာ ကျပ် သိန်း ၆ဝဝ ခန့် ကုန်ကျမည်ဖြစ်ကြောင်း ၎င်းဂေါပကအဖွဲ့ထံမှ သိရသည်။
''ပခုက္ကူမြို့၊ တိလောကရာမကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု မြို့နယ်ကြီးကြပ်ရေး အဖွဲ့(ဥက္ကဋ္ဌ) ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ပညာဝံသ (နယ်လှည့်ဓမ္မကထိက) ဆရာတော် ဘုရားနှင့် နာယကဆရာတော်များ ဦးဆောင်မှုဖြင့် ပခုက္ကူမြို့နယ်အတွင်းအလှူခံခဲ့ရာ ရပ်နီးရပ်ဝေးမှ ဘုရားဖူး အလှူရှင်များမှ လှူဒါန်းငွေကျပ် သိန်း ၁ဝဝ ကျော်ရရှိခဲ့သည်ဟု'' နဂါးကျစ် စေတီတော်ဂေါပကဥက္ကဋ္ဌမှ ပြောကြားသည်။
ထို့ကြောင့် အလှူခံရရှိငွေဖြင့် ဧပြီ ၂၆ ရက်၌ စတင်ဆောက်လုပ်ပြီး ဆောက်လုပ်နေမှုအား ခရိုင်မြို့နယ်မှ တာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့နှင့် အဖွဲ့ဝင်များ ဒေသခံပြည်သူများမှ ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးကြ ကြောင်းလည်း သိရသည်။
၎င်းစေတီတော်သည် စေတီတည်ထားရန် နဂါးမင်း၏ ကူညီမှုဖြင့် နဂါးကျစ်စေတီတော် ဖြစ်လာသလို ရန်အပေါင်းကို အောင်မြင်စေသော စေတီတော်တစ်ဆူဖြစ်ကြောင်းသိရသည်။
နဂါးကျစ် စေတီတော်  ကျောက်ထိန်းနံရံ   တည် ဆောက်မှုအား ရပ်နီးရပ်ဝေးမှ   စေတနာရှင်များ အနေဖြင့် အလှူငွေ များ ထည့်ဝင်လှူဒါန်းလိုပါလျှင် ဖုန်း- ဝ၉၄ဝ၂၇၅၃ဝ၆၉၊ ဝ၉ ၂၃ဝဝ၆၁၇ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

No comments:

Post a Comment