Wednesday, April 30, 2014

(၁၂)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေး နေပြည်တော်၌ ကျင်းပမည့် သတင်းရယူမည့် မီဒီယာ သမားများ မှတ်ပုံတင် ဆောင်ရွက်နိုင်



နေပြည်တော် ဧပြီ   ၃၀
အာဆီယံ ပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေးကို ဇွန်(၁၀)မှ (၁၂) ထိနေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

သတင်း တက်ရောက် ရယူလိုသည့် ပြည်တွင်း/ ပြည်ပ သတင်းထောက်များ အနေဖြင့် www.asean2014.gov.mm မှ Home Page တွင် ရှိသည့် Upcoming Events ၌ 12 th ASEAN Ministers’ Meeting Responsible for Information (AMRI) ကို နှိပ်၍ Registrations Link ကို နှိပ်ခါ MEDIA REGISTRATION  FORM တွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး Go ပြုလုပ်ရန်၊ မှတ်ပုံတင်ခြင်းကို မေလ (၂၅)ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရန်နှင့် ဝင်ထွက်ခွင့် ကတ်များ ထုတ်ပေးခြင်းကို အစည်းအဝေး စတင်သည့် ဇွန်လ(၁၀) နံနက်ပိုင်းတွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် နီးစပ်ရာ မြန်မာသံရုံးမှ တစ်ဆင့် ဗီဇာ လျှောက်ထား ကြရမည် ဖြစ်ကြောင်းနှင့် အစည်းအဝေးနှင့် ပတ်သက်၍ သိရှိလိုပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖုန်း - ၀၆၇-၇၉၄၄၃ သို့ လည်းကောင်း၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်း စာနယ်ဇင်းများ ဝင်ထွက်ခွင့် ရရှိရေးနှင့် ပတ်သက်၍ သိရှိလိုပါက သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ဖုန်း ၀၆၇- ၄၁၂၁၂၆ သို့ လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment