ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၄ ခုနှစ်၊
မတ် ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် Malteser International အဖွဲ့ ငှားရမ်းထားသည့်နေအိမ်နှင့်
UN အဖွဲ့အစည်းများမှ နိုင်ငံခြားသားများ ငှားရမ်းနေထိုင်သည့် နေအိမ်များနှင့် ပစ္စည်းသို
လှောင်သည့်ဂိုဒေါင်များကို ဖျက်ဆီးပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ဥပဒေနှင့်အညီ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရန်
ဖွဲ့စည်းပေးထားသည့်
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မတ် ၃၀ ရက် နံနက်ပိုင်း တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး
အစည်းအဝေးခန်းမ၌ စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ဖြစ်ပွားခဲ့ သည့်
ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့၊ အုပ်ချုပ်မှုအဖွဲ့များနှင့်တွေ့ဆုံပြီး
အခြေအနေများကို မေးမြန်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊
လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မတ်လ
၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် စစ်တွေမြို့၌ ဖျက်ဆီးခံခဲ့ရ သည့် UN/INGO အဖွဲ့အစည်းများ၏ရုံး၊
နေအိမ်၊ ဂိုဒေါင် အဆောက်အဦးများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ညနေပိုင်း တွင် စစ်တွေဟိုတယ်၌
UN/INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အခင်းဖြစ်ပွားမှုနှင့် ပျက်စီးဆုံးရှုံးမှု
အခြေအနေများကို မေးမြန်းစုံစမ်းခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌
ရုံးခန်းဖွင့်လှစ်ထားရှိပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအားလည်းကောင်း၊
မတ် ၃၁ ရက် နံနက်ပိုင်းမှစ၍ အဆိုပါရုံးခန်း၌ လုံခြုံ ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊
မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများနှင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား
ခေါ်ယူတွေ့ဆုံမေးမြန်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

No comments:
Post a Comment