Tuesday, April 1, 2014

ကမာရွတ်မြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်



ရန်ကုန် မတ် ၃၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ရန်ကုန် အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် သာသနာနုဂ္ဂဟအသင်း၏ ယဉ်ကျေးလိမ္မာသင်တန်းကို မတ် ၃၁ ရက်က ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ အင်းလျားရွာသစ်ကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့သည်။

အင်းလျားရွာသစ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးတိလောကမှ သြဝါဒကထာချီးမြှင့်၍ ရန်ကုန် အနောက်ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ သမားတော်ကြီး ဒေါက်တာကျော်စိန်က အမှာစကား ပြောကြားခဲ့သည်။
သင်တန်းသို့ ကျောင်းသားကျောင်းသူ ၂၅၀ ဦး တက်ရောက်ပြီး သင်တန်းဆရာမ ၁၀ ဦးတို့က ဧပြီ ၆ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment