မိုင်းဖြတ်
မတ် ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့၊
ဟိုနားစောမွန် ကျေးရွာတွင် မတ် ၂၁ ရက်၊ ညနေ ၃ နာရီ ခွဲက wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား
၆၈၂၅၀ ပြား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းဖြတ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ်ကိုကိုလေး
ဦးစီးအဖွဲ့ဝင် (၈)ဦး၊ မူးယစ်တပ်ဖွဲ့စု (၂၈) ကျိုင်းတုံ မှ တပ်ကြပ်ကြီး ကျော်လွင် တို့ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုင်းဖြတ်မြို့နယ်၊
ဟိုနားကျေးရွာတွင် ရှောင်တခင် ပိတ်ဆို့ စစ်ဆေး ရှာဖွေနေစဉ် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့
ယာဉ်မောင်း စိုင်းအောင်ခမ်းခေး (၂၀)နှစ် (ဘ) ဦးစိုင်းထွန်းရွှေ၊ မိုင်းရှူးမြို့နယ်၊
ဝမ်ဆော့ကျေးရွာနေသူ မောင်းနှင်လာသော တရုတ်နိုင်ငံလုပ် SKYBO အမျိုးအစား မော်တော်ဆိုင်ကယ်ကို
ရပ်တန့်ရှာဖွေ စစ်ဆေးရာ ထိုင်ခုံရှေ့ခွကြားတွင်
အနက်ရောင် ကျောပိုးအိတ် အတွင်း တိတ်ဖြင့်ပတ်ထားသော အထုပ်(၇)ထုပ်အတွင်းမှ WY စာတမ်းပါ
ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၆၈၂၅၀) ပြား၊ ကာလတန်ဖိုးငွေကျပ် ၆၈၂၅၀၀၀၀ ကို သက်သေများရှေ့
ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသော စိုင်းအောင်ခမ်းခေးအား
မိုင်းဖြတ်မြို့မရဲစခန်းမှ မယ(ပ) ၂/၂၀၁၄၊ မူး/ စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ထားကြောင်း သိရသည်။
No comments:
Post a Comment