မြိတ် မတ် ၂၄ ရက်
ကျေးလက်ဒေသမီးလင်းရေးအတွက် မြိတ်မြို့နယ်ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးဦးစီးဌာနမှ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မတ်လ(၂၀)ရက်မှ
စတင်၍ မြိတ်မြို့နယ်အတွင်းရှိ ငါးအင်းကျေးရွာ၊ မော် စုန်းကျေးရွာ၊ ပြင်ကြီးကျေးရွာတို့တွင်
ဆိုလာမီးများအခမဲ့တပ်ဆင်ပေးခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆိုလာမီးမှာ (၇၀)Amp ထုတ်လုပ်နိုင်သည့် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းတစ်စုံမှ
တီဗီ၊ မီးချောင်း(၂)ချောင်း၊ မီးလုံး(၁)လုံး လျှပ်စစ်မီးထုတ်ယူ အသုံးပြုနိုင်သည်။
၎င်းဆိုလာမီးများကို ကျေးလက်နေ ပြည်သူများမီးရရှိစေရေး အတွက် အခမဲ့ တပ်ဆင်ပေးခဲ့ရာ
ငါးအင်းကျေးရွာ တွင် အိမ်ခြေ (၁၂၆)အိမ်၊ မော်စုန်း ကျေးရွာတွင် (၁၀၂)အိမ်၊ ပြင်ကြီးကျေးရွာတွင်
အိမ်ခြေ(၃၂)အိမ်တို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စုစုပေါင်း(၂၆၀)အိမ်အတွက်
ငွေကျပ်သန်းပေါင်း(၅၀.၆)သန်း အကုန်ကျခံ၍ တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment