ဒေါပုံ
မတ် ၂၃
သားဖွားခန်းအခြေပြု မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ
ဝန်ဆောင်မှု မြှင့်တင်ခြင်း အသိပညာပေး ရှင်းလင်းပွဲကို ဒေါပုံမြို့နယ် မိခင်နှင့်ကလေး
စောင့်ရှောက်ရေး အသင်းပိုင် သားဖွားခန်း၌ မတ် ၁၆ ရက်က ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်
ကလေး စောင့်ရှောက်ရေးအသင်း ဗဟိုဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မွန်မွန်အောင်က အဖွင့်အမှာစကား ပြောကြားပြီး
မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်နီနီအေးက သားဖွားခန်းအကြောင်း
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ UNFPA လက်ထောက်ဌာနေ ကိုယ်စားလှယ်
ဒေါက်တာလှလှအေးက လည်းကောင်း၊ စီမံချက် လုပ်ငန်းများအား ဒေါက်တာဝေမြင့် ကလည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဒေါ်စန္ဒာက လည်းကောင်း ရှင်းလင်းတင်ပြကြပြီး
သားဖွားခန်းရှိ မွေးလူနာများအား အသင်းဗဟိုဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မွန်မွန်အောင်နှင့် အဖွဲ့က
အာဟာရနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
No comments:
Post a Comment