Wednesday, March 26, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် The Elders အဖွဲ့အစည်းမှ Dr. Gro Harlem Brundtland ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် - မတ်(၂၅)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန်၌ ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် The Elders အဖွဲ့အစည်းမှ Dr. Gro Harlem Brundtland ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံသည်။



အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် မြထွန်းဦးတို့ တက်ရောက် ကြပြီး ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် The Elders အဖွဲ့ အစည်းမှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ နော်ဝေ ဝန်ကြီးချုပ် ဟောင်း Dr. Gro Harlem Brundtland နှင့်အတူ ဖင်လန်နိုင်ငံ သမ္မတဟောင်း နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် Mr.Marttl Ahtisaari နှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်းများနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ကိစ္စရပ်များ၊ ကုလ သမဂ္ဂငြိမ်း ချမ်းရေး တပ်ဖွဲ့များတွင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တာဝန် အပါအဝင် အမျိုး သမီးများ၏ တာဝန် ထမ်းဆောင်မှု ကိစ္စရပ် များအား ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment