Tuesday, March 25, 2014

ဒိုင်လူကြီးသင်တန်း၊ ဖူဆယ်သင်တန်းနှင့်အားကစားပစ္စည်းပေးအပ်ပွဲအခမ်းအနား ပူတာအို၌ ကျင်းပ

ပူတာအို မတ် ၂၄
ကချင်ြပည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့တွင် ပြည်နယ်/ခရိုင် အားကစားနှင့်ကာယပညာ ကော်မတီတို့ပူးပေါင်း ဖွင့်လှစ်သော ဘောလုံးဒိုင်လူကြီးသင်တန်း၊ ဖူဆယ်သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် အားကစားပစ္စည်း ပေးအပ်ပွဲအခမ်း အနားကို မတ် (၂၄)ရက်နံနက် (၉)နာရီတွင် ပူတာအိုမြို့(နတလ) ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်ထွန်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ စုစုပေါင်း (၈၀)ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပရာ မနောမြေ ကလပ်အသင်းက ခရိုင် အား/ကာ ကော်မတီနှင့် နတလကျောင်းတို့အတွက် ကာလတန်ဖိုး(၇)သိန်း တန်ဖိုးရှိဘောလုံး၊ ခြင်းလုံး၊ ဘောလီ ဘော၊ ဘောလီဘောပိုက်၊ ခြင်းလုံးပိုက်နှင့် ဒိုင်လူကြီးဝတ်စုံ အစုံ (၃၀)ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။

အဆိုပါသင်တန်းသို့ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့မှ သင်တန်းသား (၃၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်း ကာလမှာ မတ်(၂၄)ရက်မှ ဧပြီ (၃)ရက်ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း ခရိုင်အား/ကာအတွင်းရေးမှူး ဦးဂျီးမဂျီး ထံမှ သိရသည်။

No comments:

Post a Comment