မကွေး
- မတ်၂၁
မကွေးတိုင်း ဒေသကြီး အတွင်းရှိ
လူမှုအသိုက် အဝန်းနှင့် လူနေမှုအဆင့် (န) ရှိသည့် အိမ်ထောင်စုများသို့ ပြန်ကြားရေး ဝန်ကြီးဌာနက
DVB-T2 Set Top
Boxများ အခမဲ့ပေးအပ်ခြင်း
အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက MRTV မှ အဆင့်မြင့်နည်းပညာ
ဖြစ်သည့် DVB-T2 Set Top
Box ဖြင့် ထုတ်လွှင့်နေသော
ရုပ်သံလိုင်းတွေကို ပြည်သူများ အရည် အသွေး ကောင်းမွန်စွာနှင့် ရုပ်သံလိုင်း(၁)လိုင်း
သာမက လိုင်းများစွာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး ခိုင်မာသည့် သတင်းအချက် အလက်များကို အချိန်နှင့်
တစ်ပြေးညီ သိရှိနိုင်ပါကြောင်း၊ ကောလာဟလ သတင်းများကို ဟန့်တားနိုင်ပြီး မှန်ကန်သော
သတင်းများကို ပြည်သူများ သိရှိနိုင်သည့် အတွက် အကျိုးများ စေပါကြောင်း၊ မကွေးတိုင်းဒေသကြီး
အတွင်း မြို့နယ်(၂၆)မြို့နယ်ရှိရာ (၁၆)မြို့နယ်မှာ Digital စနစ်ဖြင့် ထုတ်လွှင့် သည့်
ရုပ်သံလိုင်းများကို DVB-T2 Set
Top Box များဖြင့် ပြည်သူများအခမဲ့ ကြည့်ရှုနိုင် မည် ဖြစ်ပါကြောင်း
ပြောကြားသည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးပိုက်ထွေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် သမ္မတကြီး၏ ပြည်သူဗဟိုပြု မူဝါဒ
လမ်းစဉ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားကို
ဦးထိပ်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာန ကိုယ်သော် လည်းကောင်း၊ မိမိ ကိုယ်ကိုသော်လည်းကောင်း
ဦးစားမပေးဘဲ ပြည်သူ့အတွက် ဦးစားပေး အလေးထား
ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ဝန်ကြီး ဌာနမှ ဆောင် ရွက် နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို
ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးပိုက်ထွေးက
DVB-T2 Set Top
Box များကို မကွေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးအောင်ကျော်မင်းထံ ပေးအပ်သည်။
ဆက်လက်၍ လူမှုရေး ဝန်ကြီး
ဦးအောင်ကျော်မင်းက မကွေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများနှင့် လူမှုအဖွဲ့ အစည်းများအတွက်
မကွေးခရိုင် အုပ်ချုပ်ရေးမှူး၊ မင်းဘူးခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး၊ သရက်ခရိုင် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ၊ ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဦးစီးအရာရှိ
တို့ထံသို့ လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် ကံမမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က နိုင်ငံတော် အစိုးရက ဒေသဖွံ့ဖြိုးရေး အတွက်
ကော်မတီများ ဖွဲ့စည်းပြီး ဌာနဆိုင်ရာအား၊ ကော်မတီအား၊ ပြည်သူ လူထုအား များနှင့် ဖွံ့ဖြိုး
တိုးတက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ အဖွဲ့များက ဟန်ချက်ညီညီ
လုပ်ကိုင်ဆောင် ရွက်မှုကြောင့် ဖွံ့ဖြိုးတိုး တက်မှုများ ရရှိလာပြီဖြစ်ပါကြောင်း၊ ထိုသို့
ပူးပေါင်း ညှိနှိုင်းဆောင်ရွက် ရာတွင် ပြည်သူများ အသိဉာဏ်ပညာ၊ ဗဟုသုတများ တိုးပွားပြီး
ပကတိ ဖြစ်ပေါ် ပြောင်းလဲမှုများကို သိမြင်ခံစား နိုင်အောင် ယခုလို ကြည့်ရှု စရာလိုင်း
(၁၅)လိုင်း (၁၆)လိုင်းရရှိသော Set
Top Box များကို အခမဲ့ ဖြန့်ဝေပေးခြင်းသည်
လွန်စွာ အကျိုးကျေးဇူး ကြီးမားလှပါ ကြောင်းဖြင့် ပြောကြားသည်။
ယနေ့တွင် မကွေးတိုင်း ဒေသကြီး
အတွင်းရှိ (၁၆)မြို့နယ်မှ လူမှုအသိုက် အဝန်းနှင့် လူနေမှုအဆင့် (E) ရှိသော အိမ်ထောင်စုများ
အတွက် DVB-T2 Set Top
Box (၃၄၁၁၁)လုံးအား ပေးအပ်ခဲ့သည်။
ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးအတွက် DVB-T2 Set
Top Box (၃၂၇၈၆၃)လုံး ဖြန့်ဝေပေးမည်ဖြစ်ရာ ကျန်တိုင်းဒေသကြီး
/ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ယခု ပြန်ကြားရေး ဝန်ကြီးဌာနက
အခမဲ့ဖြန့်ဝေပေးသည့် DVB-T2 Set Top
Box သည် နှစ်စဉ်ကြေး၊
လစဉ်ကြေးများ ပေးဆောင်ရန် မလိုဘဲ မီးမရရှိသည့် ကျေးရွာများတွင် DC စနစ်(ဘက်ထရီ) ဖြင့်လည်း
ကြည့်ရှု၍ ရကြောင်းသိရသည်။


No comments:
Post a Comment