နေပြည်တော်
မတ် ၂၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းသည် ကိုရီးယားသမ္မတ နိုင်ငံ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Park
Byeong Seug ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ် တွင် နေပြည်တော်ရှိ
နိုင်ငံတော် သမ္မတအိမ်တော် သံတ မန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ
ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဒေါက်တာ အောင်မြတ်ဦးတို့ တက်ရောက်ကြပြီး ဧည့်သည်တော်
ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ
ကိုရီးယား သံအမတ်ကြီး Mr. LEE Baek Soon နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံ ရာတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက် လာစေရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် သွားရေး ကိစ္စရပ်များ အပေါ် ရင်းနှီး ခင်မင်စွာ ဆွေးနွေးကြသည်။
တွေ့ဆုံ ရာတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက် လာစေရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် သွားရေး ကိစ္စရပ်များ အပေါ် ရင်းနှီး ခင်မင်စွာ ဆွေးနွေးကြသည်။

No comments:
Post a Comment