Friday, March 21, 2014

ပြည်သူအတွက် ဝန်ဆောင်မှု အနေဖြင့် DVB- T2 Set Top Box များပေးအပ်လှူဒါန်း

ရွာငံ မတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတများ၊ ပြည်သူတို့၏ အကျိုးစီးပွား၊ ပြည်သူတို့အတွက် အကျိုးသက်ရောက်မှု ရှိစေရန်ရည်ရွယ် ၍ ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ မြို့နယ်တွင် DVB- T2 Set Top Box များ ပေးအပ် လှူဒါန်းပွဲကို မတ် ၁၇ ရက် နံနက် ၁၀ နာရီက ဗထူး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေက DVB- T2 Set Top Box များ ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ် ချက်များကို ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စက်တပ်ဆင်အသုံး ပြုပုံကို သရုပ်ပြသပေးခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ကော်မရှင် အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအထောက်အကူပြုအဖွဲ့ များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ပြည်သူများအား DVB- T2 Set Top Box များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment