Friday, March 21, 2014

သန်းခေါင်စာရင်းကောက်ခံရေး လှုံ့ဆော်ရေးယာဉ်များ လှည့်လည်ဖျော်ဖြေ

မန္တလေး မတ် ၂၀
၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ကောက်ယူမည့် အကြောင်းအရာများကို ပြည်သူများ သိရှိ နိုင်စေရန် မြန်မာတစ်နိုင်ငံလုံးသို့ လှုံ့ဆော်ရေးယာဉ်များဖြင့် လှည့်လည်ဖျော်ဖြေ လှုံ့ဆော်လျက်ရှိရာ မတ် ၁၇ ရက် ညနေက မန္တလေး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ် အားကစားကွင်းအတွင်း၌ အထက်မြန်မာပြည် လှုံ့ဆော် ရေးယာဉ်တွင် ဇာဂနာ၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ ကြယ်သီး၊ ရဲရင့်အောင်နှင့်အဖွဲ့ဝင် ၄၀ ကျော်တို့က အသိပညာပေးခြင်း၊ ပြည်သူများအား မေးခွန်းများ မေးမြန်း ခြင်းတို့ ဆောင်ရွက်ပြီး မန္တလေးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဝေငှ
ကြသည်။
အဆိုပါ လှုံ့ဆော်ရေးယာဉ်များသည် မတ် ၂၇ ရက် တွင် နေပြည်တော်မှစတင်၍ မြန်မာပြည်အရပ်ရပ်သို့ ထွက်ခွာကြပြီး အထက်မြန်မာပြည်လှုံ့ဆော်ရေးယာဉ် သည် မန္တလေးမြို့မှတစ်ဆင့် ရေနံချောင်း၊ မကွေး၊ ပြည်၊ ရန်ကုန်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန်း)

No comments:

Post a Comment