Friday, March 21, 2014

မြင်းခံမြို့တွင် ပြည်သူဗဟိုပြု အများပြည်သူ ဝန်ဆောင်မှု မီဒီယာသင်တန်း မတ် ၂၄ ရက်တွေင် စတင်ဖွင့်လှစ်မည်

မြင်းခြံ မတ် ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးသော ပြည်သူကို ဗဟိုပြုအများပြည်သူ ဝန်ဆောင်မှု မီဒီယာသင်တန်းကို မတ် ၂၄ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း
သိရသည်။
ပြည်သူဗဟိုပြု အများပြည်သူ ဝန်ဆောင်မှု မီဒီယာသင်တန်းမှ သင်ကြားပို့ချမည့် ဘာသာရပ်များမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးနှင့် အများပြည်သူဝန်ဆောင်မှု မီဒီယာဘာသာရပ်၊ ပြည်သူ့ဆက်ဆံ ရေးဆိုင်ရာ လုပ်ငန်းအဆင့်ဆင့် နှင့်အကြောင်းပြချက်များ ဘာသာ ရပ်၊ ဆိုရှယ်မီဒီယာ အသုံးပြု နည်းလမ်းဘာသာရပ်၊ အင်တာ နက် မီဒီယာဝန်ဆောင်မှုလုပ်ငန်း များဘာသာရပ်၊ သတင်းထုတ်ပြန် ချက်များ ရေးသားခြင်း၊ F.T.P,Web Portal သတင်းအချက်အလက် များ ပေးပို့ခြင်းဘာသာရပ်၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ် ခြင်း၊ အင်တာဗျူးမေးမြန်းခြင်း ဘာသာရပ်၊ သတင်း၊ သတင်း ဆောင်းပါး၊ မိန့်ခွန်းရေးသားနည်း ဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေး သဘောသဘာဝဘာသာရပ်၊ ပြည် သူ့ဆက်ဆံရေးလုပ်ငန်းနှင့် သတိ ပြုလိုက်နာရန်အချက်များ ဘာသာ ရပ်၊ ကွန်ပျူတာအခြေခံနှင့် အင် တာနက်၊ အီးမေးလ်အသုံးပြုနည်း ဘာသာရပ်နှင့် ဝန်ထမ်းကျင့်ဝတ်၊ စီမံခန့်ခွဲရေး ဘာသာရပ်များဖြစ်ပြီး သင်တန်းကာလမှာ ငါးရက်ကြာမြင့် မည်ဖြစ်သည်။

ယခုသင်တန်းသို့ မြင်းခြံမြို့၊ တောင်သာမြို့၊ ကျောက်ပန်းတောင်း မြို့၊ နွားထိုးကြီးမြို့၊ ငါန်းဇွန်မြို့ နှင့် ညောင်ဦးမြို့များရှိ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများ တက်ရောက်ကြ မည်ဖြစ်ပြီး သင်တန်းသို့ စိတ်ပါ ဝင်စားသူမည်သူမဆိုလည်း တက် ရောက်နိုင်သည်။ သင်တန်းတက် ရောက်လိုပါက မြင်းခြံခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသို့ ရုံးချိန်အတွင်း မတ် ၂၃ ရက် နောက်ဆုံးထား စာရင်းပေးသွင်း နိုင်ကြောင်းသိရသည်။ ဇော်မင်းနိုင်

No comments:

Post a Comment