Saturday, March 22, 2014

ရန်ကုန်မြို့တော် သင်္ကြန်ကာလ ရေလုံလောက်စွာ သုံးစွဲနိုင်



ရန်ကုန် မတ် ၂၁
ရန်ကုန်မြို့နေ ပြည်သူများ သင်္ကြန်ကာလအတွင်း ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကားရေလှောင်ကန်ကြီးများတွင် လာမည့်နှစ် နွေရာသီရေသိုလှောင်မှု ပမာဏထက် ပိုမိုသိုလှောင်ထားနိုင်ပြီး သင်္ကြန်ကာလ ရေလုံလောက်မှုရှိပြီး လုံလောက်စွာ သုံးစွဲနိုင်ကြောင်း ရေနှင့်ရေသန့်ရှင်းမှုဌာနမှ သိရသည်။

ရေပေးသွားမည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(ရေနှင့် သန့်ရှင်းမှု)မှ သင်္ကြန်ပွဲတ်ာရက် များဖြစ်သည့် အကြို၊ အကျ၊ ၊ အကြတ်၊ အတက်နေ့များတွင် တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တစ်ထောင်မြို့နယ်များသို့ ၂၄ နာရီ ရေပေးဝေသွားမည်ဖြစ်ပြီး ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်များသို့ နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ် ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ် တစ်နေ့နှစ်ကြိမ် ရေပေးဝေသွားမည်ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့ နယ်များသို့ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရေပေးဝေသွားမည် ဖြစ်သည်။
မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များသို့ ရေပေးဝေမှုကို မူလရေးပေးဝေအချိန်အတိုင်း ပေးဝေမည်ဖြစ်ပြီး ဧပြီ ၁၇ (မြန်မာနှစ်ဆန်း ၁ ရက်) တွင် မြို့နယ်များအားလုံးသို့ ပုံမှန်ရေပေးဝေချိန်အတိုင်း ပြန်လည်ပေးဝေ သွားမည် ဖြစ်သည်။
အဆိုပါ သတ်မှတ်ရေပေးဝေနေချိန်အတွင်း ရေပိုက်လိုင်းများ အရေးပေါ် ပြင်ဆင်ရန်လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ချထာသည့် ရေနှင့်သန့်ရှင်းမှု ဌာနဝန်ထမ်းများထံ အကူအညီတောင်းခံနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနခွဲမှူး ဦးမောင်မောင်ဌေးထံမှ သိရသည်။

No comments:

Post a Comment