Sunday, March 23, 2014

မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ သံဃာတော်များအား ဆွမ်ဆန်စိမ်းလောင်း


ချင်းရိုင် မတ် ၂၂

မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံ သံဃာတော်အပါး တစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၂၂ ရက် နံနက် ၇ နာရီခွဲက ထိုင်း နိုင်ငံ(မြောက်ပိုင်း) ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ဖာဟိုယိုထင် လမ်းမကြီး ၌ကျင်းပရာ (ဝဲပုံ) နိုင်ငံတော်ဩဝါဒါစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိ အမှူးပြုသော မြန်မာလာအို-ထိုင်းနိုင်ငံများမှ သံဃာတော်များ၊ ချင်းရိုင် ခရိုင်အုပ်ချုပ်ရေးမှူး နိုင်းချာ့ ချိုင်းဆဝမ်ဖုမ်းနှင့် တာဝန်ရှိသူများ၊ မြန်မာ-လာအို-ထိုင်းနိုင်ငံများ မှ အလှူရှင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ဗုဒ္ဓရုပ်ပွားတော်အား ဆီမီးနံ့သာ ထွန်းညှိပူဇော်ကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ကြွရောက်တော်မူလာကြ သော သံဃာတော်အပါးတစ်သောင်းကို ဒါယကာ ဒါယိကာမများက န၀ကမ္မအလှူငွေနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူကုသိုလ်ပြုကြ သည်။ မောင်ယဉ်ကျေး

No comments:

Post a Comment