နေပြည်တော်
မတ် ၂၀
မတ်
၁၄ ရက် မွန်းလွဲ ၂ နာရီက ရခိုင်ပြည်နယ် အမှတ်(၄) ရဲတပ်ရင်း များ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ
တပ်ဖွဲ့ ဝင်များနှင့် နှာခေါင်းတိုရဲကင်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော လှည့်ကင်းအဖွဲ့သည်
သက်သေ များနှင့်အတူ ပင်လယ်ကမ်းစပ် တစ်လျှောက် စက်လှေ ဝင်/ ထွက်မှု များအား စစ်ဆေးနေစဉ်
မောင်တော မြို့နယ် ကညင်တန်းကျေးရွာအဝင် ချောင်းကမ်းစပ်၌ စက်လှေတစ်စင်း ရပ်တန့်ထားသည်ကို
တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ ဘင်္ဂါလီလူမျိုး ငါးဦး စက်လှေပေါ်မှ ထွက်ပြေး သွားသည်ကို
တွေ့ရ
သည်။
အဆိုပါစက်လှေမှာ
လေယာဉ် ကွင်းကျေးရွာနေ မော်ဂျူ၏စက်လှေ ဖြစ်ကြောင်း သိရပြီး စက်လှေပေါ် ကျန်ရှိသည့် မော်ဂျူ၏
အနွေးထည် အင်္ကျီ အိတ်ကပ်အတွင်းမှ ငွေရောင် ကျည် ကိုးတောင့်၊ ဓားရှည်လေးချောင်း၊ ငါးဖမ်းဆွဲပိုက်
ခြောက်ခု၊ လေးခွ သုံးလက်၊ ဓာတ်မီးနှစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။ စက်လှေ အစောင့်ဖြစ်သူ
ကညင်တန်းကျေးရွာ နေ မာမောက်ဆာဒီဒ်နှင့်စက်လှေအနီး ဆိပ်ကမ်းတွင် မသင်္ကာဖွယ်တွေ့ရှိရ သည့်
နှာခေါင်းတိုကျေးရွာနေ အေရှားဒူလာ (၁၇နှစ်)ကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် မာမောက်ဆာဒီဒ်၊
အေရှားဒူလာနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ငါးဦး တို့ကို မောင်တောမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့ပြီး
သက်သေများ နှင့်အတူ ၎င်းစက်လှေကို အသေး စိတ်ရှာဖွေခဲ့ရာ ပွိုင့် ၃၈ Special ငါးလုံးပြူး ဆုံလည်သေနတ်တစ်လက်၊
၎င်းကျည်ငါးတောင့်၊ သေနတ် အိတ်တစ်လုံးနှင့် သေနတ်အားထုပ်ပိုး ထားသည့် တဘက်တစ်ထည်တို့ကို
ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ
စက်လှေပေါ်မှ ထွက်ပြေးသွားသူ ငါးဦးအနက် မသင်္ကာသူများဖြစ်သည့် မောင်တော မြို့နယ် လေယာဉ်ကွင်းကျေးရွာ
နေသူများဖြစ်သော လာလူး(ခ) ရောဟီးရာမောက်နှင့် ဘာဘူကြီး(ခ) အာယာဒူလာတို့ နှစ်ဦးမှာ ၎င်းရွာ
အစွန်ရှိ လာလူး၏သမီးဖြစ်သူ မဟာ ရီဂျီနာ၏နေအိမ်တွင် ရောက်ရှိနေ ကြောင်းသိရှိရသဖြင့်
မတ် ၁၉ ရက် နံနက်ပိုင်းတွင် မောင်တောမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အလယ် သံကျော်ကျေးရွာ
အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ သွားရောက် ရှာဖွေရာ နေအိမ်၌ မဟာရီဂျီနာနှင့်
အတူ လာလူး၏ဇနီး မဇိုက်တူအား တွေ့ရှိရပြီး နေအိမ်အနောက်ဘက် ခြံဝင်းအတွင်းရှိ မြေကြီးထဲမှ
အဝတ် စပတ်၍ မြှုပ်ထားသော ပွိုင့် ၃၈ Special
ငါးလုံးပြူး ဆုံလည်သေနတ် တစ်လက်၊ ငွေရောင်ကျည် တစ် တောင့်နှင့်သေနတ်ထည့် အမည်း ရောင်
သားရေအိတ်တစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍
ပွိုင့် ၃၈ Special
ငါးလုံးပြူးဆုံလည်သေနတ် နှစ်လက်နှင့်ကျည် ၁၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အမှုမှ
ထွက်ပြေး တိမ်းရှောင်နေသူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် မောင်တော မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များက ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကိုရဲ



No comments:
Post a Comment